ဂျပန်နိုင်ငံမှ နာမည်ကြီး ကားကုမ္ပဏီ တစ်ခုသည် ပဲခူးတိုင်း ဒေသ ကြီးတွင် ကားတပ်ဆင် ထုတ်လုပ် မှုလုပ်ငန်းကို ကားတစ်စီးလုံး အစမှ အဆုံး ထုတ်လုပ် သွားရန် မြေဧက ၁၀၀ ကို အဆိုပြုထားကြောင်းနှင့် မလေးရှားနိုင်ငံမှ လုပ်ငန်းစုတစ်ခုလည်း ပါဝင်နေကြောင်း ၁-၈-၂၀၁၂ ရက်က သိရသည်။ ဇူလိုင်လ နောက်ဆုံးပတ်က ကျင်းပသော ကားထုတ်လုပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း (MIA) ၏ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း ကားလုပ်ငန်းရှင်များကို ကြိုတင်ပြင်ဆင်ထားကြရန် အချက်ပြလိုက်ပြီဖြစ်သည်။
“ဂျပန်က နစ်ဆန်း ကားကုမ္ပဏီက ပဲခူးမှာစက်ရုံတည်ဖို့ မြေဧက ၁၀၀ လောက် တောင်းထားတယ်။ မလေးရှားကလည်း မြေနေရာ ရှာနေတယ်။ သူတို့တွေက ဒီကိုလာဖို့ ပြင်နေကြပြီ” ဟု ဦးဇော်မင်းဝင်းက ပြောကြားသည်။ “မြန်မာနိုင်ငံမှာ တကယ်လိုအပ်တာ ကားတစ်စီးလုံးလား၊ အစိတ်အပိုင်းလိုက်လားဆိုတာ ခွဲခြားတတ်ဖို့လိုတယ်။ ဂျပန်တို့၊ ဘာတို့ လာမယ်ဆိုရင် ကောင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အစိတ်အပိုင်း ထုတ်လုပ်တပ်ဆင်တာပဲ အားပေးစေချင်တယ်” ဟု SSS ကားကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိကာလတွင် မြန်မာနိုင်ငံ၏ ကားတပ်ဆင်ထုတ်လုပ်မှု၌ ကားတစ်စီးလုံး ပုံစံမျိုးသာ များနေပြီး အမှန်တကယ် ကားထုတ်လုပ်မှု အဆင့်အတန်းမြင့်လိုသူများအနေဖြင့် ကားအစိတ်အပိုင်းလိုက် ထုတ်လုပ်တပ်ဆင်စနစ်ဖြင့် လုပ်ဆောင်သင့်ပြီး တစ်ဆင့်ချင်းစီ ပြည်တွင်းပစ္စည်း သုံးစွဲထုတ်လုပ်မှုများ ပြုလုပ်လာသင့်ကြောင်း သိရသည်။ “ဂျပန်ကားတွေက မြန်မာမှာ အများဆုံး ရှိနေတယ်။ Slide နဲ့ ရှင်းပြချက်ကိုကြည့်ရင် သိသာတယ်။ ဂျပန်ကနေ တင်သွင်းတာ ၉၈ ရာခိုင်နှုန်းအထိတောင် ရှိနေတယ်။ တရုတ်အပါအဝင် အခြားနိုင်ငံတွေက ကားတွေကတော့ ၂ ရာခိုင်နှုန်းပဲ ရှိနေတဲ့အထိ မြန်မာလူထုက ဂျပန်ကားကိုပဲ နှစ်သက်ကြတာ” ဟု မြန်မာနိုင်ငံ၏ လက်ရှိ ကားဈေးကွက် အနေအထားကို အဆိုပါပွဲကို တက်ရောက်လာသည့် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။
5:47 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com