အိချောက ဇာတ်ကားတစ် ကားမရိုက်ခင် ရုပ်ရှင်တွေ အများ ကြီးကြည့် တယ်။ ဝတ္ထုတွေအများ ကြီးဖတ်တယ်။ ပြီးတော့ အပြင်မှာ လူတွေ ဘယ်လို လှုပ်ရှား သွားလာနေ လဲဆိုတာကို လေ့လာ အကဲခတ် တယ်။ ကိုယ်ရိုက်ရမယ့်ဇာတ်လမ်း တစ်ခု ကိုယ့်ဆီရောက်လာပြီဆိုရင် ကိုယ်က ကလေးလိုသရုပ်ဆောင်ရ မှာလား၊ ဘယ်လိုသရုပ်ဆောင်ရမှာ လဲ။ ဥပမာ ဆင်းရဲတဲ့အခန်းကာ ရိုက်တာလား၊ စရိုက်ကြမ်းကြမ်း လား၊ အဆင့်မြင့်မြင့်လား အဲလိုမျိုး ကာရိုက်တာကိုအရင်ဆုံးခွဲပြီး mood သွင်းပြီးရိုက်ပါတယ်။ ကြော် အမူအရာတွေလုပ်ပြရတာပေါ့။ ဇာတ်ကားရိုက်တာကျတော့ အဲလို မဟုတ်ဘဲနဲ့ ကာရိုက်တာပေါ်မူတည် ပြီး အသံနဲ့အမူအရာ အားလုံးကို သရုပ်ဆောင်ပြရတော့ ကွာခြားမှု တွေအများကြီးရှိပါတယ်။ သီချင်း ဆိုတာကိုလည်း အိချောဝါသနာပါ တယ်။
လောလောဆယ်ဆိုဖို့စိတ် ကူးမရှိသေးပေမယ့် သင်္ကြန်ဆိုရင် တော့ ဖိတ်တဲ့မဏ္ဍပ်တွေမှာ သီချင်း ချင်းနားထောင်တယ်။ shopping ထွက်တယ်။ အားကစားအနေနဲ့ အာခီဒိုကိုကစားတယ်။ အိချောက အာခီဒိုကစားရတာကို အရမ်းနှစ် သက်တယ်။ ဝါသနာလည်းပါတယ်။ အိချောတို့လိုအနုပညာသမားအ တွက် ဖက်ရှင်ကအဓိကပါပဲ။ ပရိ သတ်တွေကည်း အနုပညာရှင်တွေ ရဲ့ ဝတ်ပုံ၊ စားပုံ၊ နေပုံ၊ ထိုင်ပုံတွေ ကို အတုယူကြတာဆိုတော့ ဝတ် ဆင်မှုအပိုင်းက အနုပညာသမား တွေအပေါ်မှာ အရမ်းကိုအဓိကကျ တယ်။ အဲဒီတော့ အိချောတို့ဘက် ကလည်း ခေတ်နောက်ကျတဲ့ပုံ လည်းမပေါ်အောင် ယဉ်ကျေးမှုနဲ့ လည်းကိုက်ညီအောင်အမြဲတမ်း ဖက်ရှင်ကိုလေ့လာဖြစ်ပါတယ်။ အ ချစ်ရေးကတော့ အနုပညာအလုပ် ကိုပဲစိတ်နှစ်ပြီးလုပ်နေတဲ့အတွက် မရှိသေးပါဘူး။
5:33 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com