22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, August 6, 2012

ဇူလိုင်လ ၂၈ ရက်နေ့ရဲ့ မွေး နေ့ရှင်ဖြစ်တဲ့ ကောင်းခန်

 

ဇူလိုင်လ ၂၈ ရက်နေ့ရဲ့ မွေး နေ့ရှင်ဖြစ်တဲ့ ကောင်းခန့်ဟာ သူ့ ရဲ့ အသက် ၂၆ နှစ်ပြည့်မွေးနေ့ကို သင်္ဃန်းကျွန်း၊ ကျိုက္ကဆံဘုရားရှေ့ လယ်တီ ဝိပဿ နာကျောင်းမှာ သံ ဃာ ၂၆ ပါးကို ဝါဆိုသင်္ကန်းနှင့် လှူ ဖွယ်ဝတ္ထုတို့ကပ်လှူပြီး ရိုးရှင်းစွာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ ဆရာ တော် ဘဒ္ဓန္ဒဦးအာသဖမှ တရား ဒေသနာတော်များကို ချီးမြှင့်ပေးပြီး ရေစက်ချ အမျှဝေပြီးတဲ့နောက်မှာ ကောင်းခန့်တစ်ယောက် သူ့ရဲ့ ကျေးဇူးရှင် မိဘနှစ်ပါးကိုရှိခိုးကန်ေ တာ့ပြီး လာရောက်ကြတဲ့ သူငယ် ချင်းများနဲ့ စာနယ်ဇင်းများကို ဧည့် ခံကျွေးမွေးခဲ့ပါတယ်။
" မွေးနေ့ကို အဓိပ္ပါယ်အမျိုး မျိုးဖွင့်ဆိုကြပေမယ့် ကျွန်တော့် အတွက်ကတော့ မွေးနေ့ဆိုတာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သတိပြန်ပြန်ပေးတဲ့နေ့လို့ပဲ သတ် မှတ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ဖြတ်သန်းလာတဲ့ အချိန် ကာလတစ်ခုမှာ ကျွန်တော်ဘာ တွေမှားခဲ့လဲ၊ ကျွန်တော်ဘာတွေ လုပ်ဖို့ကျန်သေးလဲ၊ ကျွန်တော့်မိဘ နဲ့ ကျေးဇူးရှင်တွေအပေါ်မှာ ဘယ် လောက်အပြစ်လုပ်ခဲ့မိလဲ၊ တန်ဖိုး ရှိတဲ့ အချိန်တွေကို ကျွန်တော်ဘယ် လောက်ဖြုန်းတီးခဲ့လဲဆိုတာ စဉ်း စားမိပြီး ကျွန်တော်အတတ်နိုင်ဆုံး ပြင်ဆင်ပါတယ်။ ကျွန်တော် အသက် ၂၅ နှစ် ပြည့်ကတည်းက စိတ်ညစ်လာ တယ်။ ကိုက့်ကိုယ်ကိုယ်ကြည့်ပြီး အားမရတာရယ်၊ ကိုယ်လိုချင်တဲ့ အရည်အချင်းတစ်ခုမရှိသေးတာ ရယ်ကြောင့် စိတ်ညစ်မိတယ်။ ဘာ လို့လဲဆိုတော့ ငယ်ငယ်တုန်းက ကျွန်တော့် Life က ၂၅နှစ် ပြည့်တဲ့ အထိပညာသင်မယ်။ ပြီးရင် ကျွန် တော်သည် ကိုယ်ပိုင်လုပ်ဆောင်နိုင် သော သူတစ်ယောက် ဖြစ်ရမယ် ပေါ့။
ဒါပေမဲ့ ကျွန်တော်အခုချိန်ထိ အထောက်အပံ့တွေယူနေတုန်းပဲ။ ကိုယ်ပိုင်လုပ်နိုင်တဲ့ အရည်အချင်း ကလည်း အနည်းငယ်ပဲရှိသေး တယ်။ အသက်ကလည်း ကြီးလာ ပြီ။ ပညာကလည်း သင်ချင်သေး တယ်။ ပညာသင်ဖို့လည်း အချိန်ယူ ရဦးမယ်။ အခုအသက်တစ်နှစ်ကြီး လာတော့ ကျွန်တော်ရတာ နောင် တပါပဲ။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )