ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အစားအစာများ ထဲမှာ မှိုက တစ်ခု အပါအဝင် ဖြစ်ပါတယ်။ မှိုဟာ အော်ဂဲနစ်ပစ္စည်းများ ကြွယ်ဝတဲ့ အလွှာပေါ်မှာ ပေါက်ရောက်ပြီး မှိုကိုစိုက်ပျိုးတဲ့အခါ ပိုးသတ်ဆေး Pesticides သုံးစွဲလေ့ မရှိပါဘူး။ Pesticides တွေက မှိုပွင့်ဖြစ်လာမယ့် မျိုးစေ့တွေကို ဖျက်ဆီးပစ်နိုင်လို့ ဖြစ်ပါတယ်။
မှိုတွေဟာ ပိုးသတ်ဆေးမပါဝင်တဲ့အပြင် သံဓာတ်နဲ့အသားဓာတ် (ပရိုတင်း) ကြွယ်ဝလှပါတယ်။ မှိုဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာဖြစ်ရုံသာမက လူရဲ့ကိုယ်ခံစွမ်းအားစနစ် ( Immume System ) ကိုလည်း မြှင့်တင်ပေးပြီး ကူးစက်ရောဂါပိုးမွှားများမှ ကာကွယ်ပေးပါတယ်။
ဒါ့အပြင် မှိုမှာပါဝင်တဲ့ ဒြပ်ပေါင်းအချို့ဟာ ရင်သားကင်ဆာကဲ့သို့သော ရောဂါများကို တိုက်ထုတ်နိုင်ပါတယ်။ ဒါပေမယ့် ယနေ့အခါမှာ စီးပွားဖြစ်မှိုစိုက်ပျိုးတဲ့သူတွေဟာ မှိုတွေကို မသေစေနိုင်တဲ့ ပိုးသတ်ဆေးတွေကို သုံးစွဲလာကြပါတယ်။ ဒါကြောင့် မှိုရဲ့ ကျန်းမာရေး ကောင်း ကျိုးတွေကို ရယူလိုပြီး ပိုးသတ်ဆေးတွေရဲ့ ဓာတုအဆိပ်ဓာတ်ကို မလိုချင်တဲ့သူများအနေနဲ့ အော်ဂဲနစ်မှိုများနဲ့ သဘာဝအတိုင်း တောထဲကရရှိတဲ့မှိုများကို ရွေးချယ်စားသုံးနိုင်ပါတယ်။
6:16 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com