22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, August 24, 2012

စီပီကုမ္ပဏီ မြန်မာနိုင်ငံတွင် ဒေါ်လာသန်း ၅၅၀ ထပ်မံ ရင်းနှီးမြှုပ်နှံ မည်ဟုဆို


 


မြန်မာနိုင်ငံ အနှံ့ရှိ မွေးမြူရေး၊ စိုက် ပျိုးရေးနှင့် ရေလုပ်ငန်း ကဏ္ဍများ တွင် ရင်းနှီးမြှုပ်နှံ မှုများ

ထပ်ဆင့် တိုးချဲ့ရန် အတွက် ကန်ဒေါ်လာ သန်း ၅၅၀ ထပ်မံ ထည့်သွင်း လိုက် ကြောင်း မြန်မာ စီပီလိုက်ဖ်စတော့ ကုမ္ပဏီလီမိတက်မှ အထွေထွေ မန်နေဂျာဒေါက်တာမျိုးသန့်က ပြောသည်။
"နောက်ထပ် ဒေါ်လာသန်း ငါးရာ့ငါးဆယ် မြှုပ်နှံဖို့ ပင်ရင်း ကုမ္ပဏီကြီးက တရားဝင်ကြေညာ ထားပြီးသားပါ။ ကျွန်တော်တို့ ကုမ္ပဏီက လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် ကတည်းက အက်ဖ်ဒီအိုင် (ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု)ရခဲ့တာ ပါ။ မြန်မာပြည်အနှံ့ မွေးမြူရေး၊ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းကဏ္ဍ တွေ မထွန်းကားသေး တဲ့နေရာ တွေမှာ ဆက်လက်တိုးချဲ့ပါမယ်" ဟု ၄င်းကပြောသည်။ မြန်မာစီပီလိုက်ဖ်စတော့ ကုမ္ပဏီသည် ၁၉၉၆ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံတွင် ကန် ဒေါ်လာ သန်း ၁၅၀ ခန့် ရင်းနှီး မြှုပ်နှံခဲ့ပြီး နောက်ထပ်ကန်ဒေါ် လာ ၅၅၀ ထပ်မံထည့်သွင်းရန် စီစဉ်နေကြောင်း စီပီဒုတိယဥက္ကဋ္ဌ အဒိရက်စရီ ပရထပ်က်က သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ် တွင် ပြောခဲ့ကြောင်း သတင်းရရှိ သည်။
" မွေးမြူသူတွေ တွက်ခြေ ကိုက်ပြီး စားသုံးသူတွေလည်း ဈေးနှုန်းသက်သာစွာ စားသုံးနိုင် ရေးအတွက် သူများနိုင်ငံများနည်း တူ မွေးမြူရေးနည်းစနစ်၊ အစာ ကျွေးနည်း၊ အဆင့်မြင့်ကြက်သတ် ရုံနဲ့ အေးခဲကြက်သားထုတ်စက်ရုံ တွေပါ တည်ဆောက်မယ်၊ စား သုံးသူလက်ထဲ ရောက်တဲ့အထိ နိုင်ငံတကာ ပုံစံနဲ့ ကုမ္ပဏီကဏ္ဍ တစ်ခုလုံးကို တိုးချဲ့မယ်" ဟု ဒေါက်တာမျိုးသန့်က ဆိုသည်။ ထိုသို့ လုပ်ငန်းများ တိုးချဲ့ ပါက အလုပ်အကိုင်နေရာများစွာ ဖန်တီးပေးနိုင်တော့မည် ဖြစ်သည် ကြောင်းလည်း ၄င်းကပြောကြား သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )