မလေးရှားနိုင်ငံ အခြေစိုက် ကား ထုတ်လုပ်သည့် Tan Chong ကုမ္ပဏီက ကားပစ္စည်းများ ထုတ်လုပ် တပ်ဆင်သည့် စက်ရုံ တစ်ရုံကို တည်ထောင်ရန် ပဲခူးတိုင်းဒေသ ကြီးအတွင်းရှိ မြေဧက ၁၀ဝ အ ကျယ်အဝန်းရှိ မြေနေရာတစ်ခု ကိုလိုက်လံ ရှာဖွေနေကြောင်း ရန်ကုန် သို့ ရောက်ရှိနေသည့် အကြီးတန်း မန်နေဂျာ ဦးဇော်မင်း ကပြောသည်။
" ရန်ကုန်မှာ လိုချင်တာ။ ရန် ကုန်မှာမရှိလို့ ပဲခူးသွားတာ။ ဘာ မှမဆုံးဖြတ်ရသေးဘူး"ဟု အကြီး တန်းမန်နေဂျာကပြောသည်။ လတ်တလောအခြေအနေ တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော် မရှင်သို့ လျှောက်ထားမှုမရှိသေး သော်လည်းတည်ဆောက်မည့်မြေ နေရာရရှိပါက လုပ်ငန်းလည် ပတ်လုပ်ကိုင်ရန် ၄င်းကော်မရှင်၏ ခွင့်ပြုချက်ရရှိရန် တင်ပြသွားမည် ဖြစ်ကြောင်း ဦးဇော်မင်းက ပြော သည်။
ထို့ပြင် ရန်ကုန်မြို့တွင်လည်း မော်တော်ယာဉ်များ ပြုပြင်ထိန်း သိမ်းသည့် ဝန်ဆောင်မှုစင်တာ တစ်ခု ဖွင့်လှစ်နိုင်ရန် စီစဉ်နေ သည်ဟု၎င်းကပြောသည်။ အလားတူ ထိုင်းနိုင်ငံ ဘန် ကောက်အခြေစိုက် ကားတင်သွင်း သည့် ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ် သော TSL ကလည်း ၄င်း၏ပထမ ဆုံး ပြည်ပရင်းနှီးမြှုပ်နှံမှု ခြေလှမ်း အဖြစ် မြန်မာနိုင်ငံတွင် မော်တော် ယာဉ်ပြုပြင်ထိန်းသိမ်းသည့် လုပ် ငန်းကို ယခုနှစ်မကုန်မီ စတင် နိုင်ရန် ရည်ရွယ်ထားသည်ဟု အ မှုဆောင်အရာရှိချုပ် မစ္စဆူဇီပွန် က ပြောကြောင်း ဇူလိုင် ၂၈ ရက် ထုတ် ဘန်ကောက်ပို့စ်သတင်းစာ တွင် ဖော်ပြထားသည်။
6:37 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com