2012-08-04
သမ္မတ ဦးသိန်းစိန်ဟာ တိုင်းရင်းသားနဲ့ နိုင်ငံရေးပါတီ (၁၄) ခုက ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ ပျဉ်းမနား နေပြည်တော်မှာ တွေ့ဆုံပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အခက်အခဲတချို့ ရှိနေမှု အပါအဝင် မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသားနှင့် နိုင်ငံရေးပါတီ (၁၄) ခုက ကိုယ်စားလှယ်များနှင့် ၂၀၁၂ ခုနှစ် သြဂုတ်လ ၄ ရက်နေ့တွင် ပျဉ်းမနား နေပြည်တော်မှာ တွေ့ဆုံပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အခက်အခဲတချို့ ရှိနေမှု အပါအဝင် မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေတွေကို ဆွေးနွေးခဲ့ကြသည်။
အဲဒီလိုတွေ့ဆုံခဲ့ရာမှာ မိမိတို့အနေနဲ့ တိုင်းရင်းသား ဒေသတွေမှာ ငြိမ်းချမ်းမှု ရရှိရေး ပြဿနာကနေ သတင်း မီဒီယာ လွတ်လပ်ခွင့်တွေအထိ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပွင့်ပွင့်လင်းလင်း တင်ပြ ဆွေးနွေး နိုင်ခဲ့ကြတယ်လို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ရှမ်းအမျိုးသားများ ဒီမိုကရေစီပါတီ ကိုယ်စားလှယ် ဦးစိုင်းညွန့်လွင်က RFA ကို ပြောပါတယ်။
"သမ္မတက သူလုပ်တာ ကိုင်တာ သူ့သဘောထားတွေ သူ့အခက်အခဲတွေကအစ ရှင်းရှင်းလင်းလင်းနဲ့ ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးလုပ်တဲ့ ၂၅ နှစ် ပတ်ဝန်းကျင်မှာပေါ့နော်။ အဲဒီလိုမျိုး ရှင်းပြတာ တခါမှ မကြုံဖူးသေးပါဘူး။ ဒါက ပထမဦးဆုံးအကြိမ် သူကိုယ်တိုင် တိုက်ရိုက်ရှင်းပြတယ်။ ဒါဟာ တော်တော်လေးကောင်းတဲ့ အလားအလာပါ။"
ဒါ့အပြင် ပင်လုံစိတ်ဓာတ် အခြေခံနဲ့ တိုင်းရင်းသား အားလုံး ပါဝင်တဲ့ ညီလာခံတရပ် ခေါ်ယူနိုင်ရေး အတွက် ကြိုးပမ်းနေကြောင်း သမ္မတ ဦးသိန်းစိန်က ပြောပြခဲ့တယ်လို့ ဦးစိုင်းညွန့်လွင်က ဆိုပါတယ်။
ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့တော့ သတင်းအချက်အလက် အမှားတွေအပေါ် အခြေခံပြီး အစွန်းရောက် အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းတွေ ပါဝင်ပတ်သက် လာမှာကို ကြိုတင် ကာကွယ်နိုင်ဖို့ သိမ်သိမ်မွေ့မွေ့ ဆောင်ရွက်ရန် လိုကြောင်း သမ္မတက ပြောဆိုခဲ့တယ်လို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်က ပြောပါတယ်။
သတင်း မီဒီယာ စာနယ်ဇင်း လွတ်လပ်ခွင့်တွေကို ဆွေးနွေးရာမှာတော့ တိုင်းပြည်ရဲ့ စတုတ္ထ မဏ္ဍိုင်အဖြစ် အသိအမှတ်ပြုပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်း ဆောင်ရွက်ကြဖို့ လိုကြောင်း သမ္မတက တုံ့ပြန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ ပါတီခေါင်းဆောင်တွေ ဒီကနေ့ ဆွေးနွေးခဲ့ကြတာနဲ့ ပတ်သက်ပြီး ဒေါ်အင်ကြင်းနိုင်ရဲ့ စုစည်းတင်ပြချက်ကို နားဆင်ပါ။
| စုစည်းတင်ပြချက်။ | |
| အသံဖိုင်ယူရန်။ |
4:54 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com