22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, August 6, 2012

တေးဂီတ ကုထုံး ၏ ဆေးဖက် ဝင် အစွမ်း

 

အခု ဆိုရင် မြန်မာနိုင်ငံ မှာ တေးဂီတ ကုထုံး နဲ့ ကုသမှု ကို စတင် ဆောင်ရွက် နေပြီ ဖြစ်ပါ တယ်။ လူတိုင်းဟာ တေးဂီတကို ချစ်မြတ်နိုးစွာ နားဆင်တတ်ကြပြီး တေးဂီတ ဟာ စိတ်နဲ့ အထွေထွေကျန်းမာရေးကို များစွာ အထောက်အကူဖြစ်စေတယ်ဆိုတာ လေ့လာသက်သေပြနိုင်နေပါပြီ။ တေးဂီတဟာ အသက်အရွယ်မရွေး လူအားလုံးရဲ့ စိတ်၊ ရုပ်၊ တွေးခေါ်မြော်မြင်မှု၊ ပေါင်းသင်းဆက်ဆံရေးနဲ့ ဘဝအရည်အသွေးတွေကို လွှမ်းမိုးထောက်ပံ့ပေးနိုင်တယ်လို့ လေ့လာသူတွေက ယုံကြည်ထားကြပါတယ်။
(၁) အကိုက်အခဲပျောက်ဆေး
တေးဂီတမှာ သဘာဝအကိုက်အခဲ သက်သာစေတဲ့ ဆေးလို အာနိသင်ရှိပါ တယ်။ အကြောင်းကတော့ တေးသီချင်း နားဆင်တာကြောင့် အန်ဒေါ်ဖင်ထွက်ရှိ မှု ကောင်းစေလို့ပါ။ ဒါက နာကျင်ကိုက် ခဲမှု သက်သာစေပြီး အပန်းပြေစေပါတယ်။ နေ့စဉ် တေးသီချင်းနား ဆင်တာကြောင့် နာတာရှည်နာကျင်မှုကို ၂၁ ရာခိုင်နှုန်းနဲ့ အထက် လျော့ကျစေနိုင်တယ်ဆိုတဲ့ လေ့ လာမှုတစ်ရပ်ကို သူနာပြုဂျာနယ်မှာ ဖော် ပြထားပါတယ်။
(၂) စိတ်ဖိစီးမှု လျော့ကျဆေး
စိတ်ဖိစီးမှုဟာ စိတ်ဝေဒနာတွေ အ ပါအဝင် နာမကျန်းမှုများစွာနဲ့ ဆက်စပ် နေပါတယ်။ လေ့လာမှုတစ်ရပ်အရ စိတ် ဝေဒနာရှင်တွေကို တစ်နေ့ နှစ်ကြိမ်၊ တစ် ကြိမ်မှာ နာရီဝက်ခန့် သီချင်းအေးအေး တွေကို နားဆင်စေခဲ့ရာ နှစ်ပတ်ကြာပြီး နောက် လူနာတွေရဲ့ စိတ်ဖိစီးမှုနဲ့ ပူပင် သောက အဆင့်က သိသိသာသာ လျော့ ကျသွားတာကို တွေ့ရပါတယ်။
(၃) နှလုံးသွေးကြော ကျန်းမာရေး အ ထောက်အကူပြုသော ဆေး
တေးသီချင်းတွေကို နားဆင်တာ ကြောင့် နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို လျော့ ကျစေပါတယ်။ သွေးတိုးကျတာကြောင့် လေဖြတ်တာနဲ့ တခြားရောဂါတွေ မဖြစ် အောင် ကာကွယ်ရာ ရောက်ပါတယ်။ အီတ လီလေ့လာမှုတစ်ရပ်အရ သွေးတိုးရောဂါ ရှိသူတွေကို တစ်နေ့ မိနစ် ၃၀ခန့် တေးဂီ တနားဆငေ် စခတဲ့ အဲ့ ခါ တစလ် အကြာမှာ သွေးဖိအား သိသိသာသာ လျော့ကျမှုရှိ တာကို တွေ့ရပါတယ်။ ကောင်းတဲ့ တေးဂီ တဟာ ဆဲလ်တွေနဲ့ တစ်သျှူးတွေကို ငြိမ် သက်သွားစေပြီး လူနာရဲ့ အသက်ရှူနှုန်း နဲ့ နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်အောင် ပြန် လည်လုပ်ဆောင်ပေးနိုင်တာကြောင့်ပါ။
(၄) ဦးနှောက်ဆဲလ် လှုံ့ဆော်သော ဆေး ဂီတသံစဉ်ခပ်ပြင်းပြင်းနဲ့ သီချင်း
တွေက ဦးနှောက်လှိုင်းတွေကို လှုံ့ဆော် ပေးနိုင်ပြီး အာရုံစူးစိုက်မှုအားကို ပိုမိုထက် မြက်စေကာ တွေးခေါ်နိုင်စွမ်းအား ပို ကောင်းစေတယ်လို့ လေ့လာမှုအရ သိရ ပါတယ်။ ငြိမ့်ညောင်းတဲ့ တေးဂီတကို နား ဆင်တာကြောင့် ငြိမ်းချမ်းတဲ့ အခြေအ နေမျိုး ဖြစ်စေကာ ဖန်တီးနိုင်စွမ်းအားကို ပိုမိုကောင်းမွန်စေတာကြောင့်ပါ။
(၅) သက်လုံအား ပိုကောင်းစေသော ဆေး
လေ့ကျင့်ခန်းလုပ်ရင်း တေးသီချင်း နားထောင်တာကြောင့် သက်လုံကို ပိုမို ကောင်းမွန်စေပါတယ်။ တေးသီချင်းဟာ လေ့ကျင့်ခန်းကြောင့် မောပန်းတာ၊ ပျင်း ရိတာ၊ ပင်ပန်းတာတို့ကို ဖယ်ရှားပေးပြီး ထပ်ကာထပ်ကာ လေ့ကျင့်လိုစိတ်ကို ဖြစ် ပေါ်စေတာကြောင့်ပါ။ တေးသီချင်းနား ထောင်ရင်း လေ့ကျင့်ခန်းလုပ်တာကြောင့် အသက်ရှူနှုန်းနဲ့ နှလုံးခုန်နှုန်းတို့ ပိုကောင်း ပြီး အမောခံနိုင်ပါတယ်။ လေ့လာမှုတစ် ရပ်အရ တေးသီချင်းနားဆင်ရင်း လေ့ကျင့် ခန်းလုပ်တာကြောင့် ကိုယ်အလေးချိန်ကို ပိုမိုလျှော့ချနိုင်သလို လေ့ကျင့်ခန်းကို စွဲစွဲ မြဲမြဲ လုပ်ဖြစ်စေတယ်လို့ သိရပါတယ်။
(၆) အိပ်ဆေး
တေးသီချင်း နားဆင်တာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။ တေးသီချင်းနားဆင်ရင်း အိပ်တာကြောင့် စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျတာနဲ့ ပူပင်သော ကတို့ကို ကင်းဝေးစေလို့ပါ။ ဒီလို စိတ်ပင် ပန်းမှုတွေကင်းတာကြောင့် အနားရပြီး အိပ်ရေးဝရတာ ဖြစ်ပါတယ်။
(၇) စိတ်ကြည်နူးမှု ရရှိစေသော ဆေး
စိတ်ဓာတ်ကျတာကြောင့် အားနည်း တာ၊ ခေါင်းကိုက်တာ၊ သတိလက်လွတ် ဖြစ်တာနဲ့ အာရုံစူးစိုက်မှု မကောင်းတာ တို့ ဖြစ်တတ်ပါတယ်။ တေးဂီတကြောင့် စိတ်ကြည်နူးမှုရရှိစေပြီး ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်နဲ့ ယြုံကည်မှုတို့တိုးစေပါတယ။်
(၈) ကင်ဆာဝေဒနာ သက်သာစေ သော ဆေး
လေ့လာမှုအရ တေးဂီတဟာ ကင်ဆာ ရောဂါသည်တွေမှာလည်း ဝေဒနာ သက် သာစေတယ်လို့ သိရပါတယ်။ တေးသီ ချင်းနားဆင်တာကြောင့် ဓာတ်ကင်နေရ သူတွေမှာ ပူပင်သောက လျော့ပါးစေသလို ကင်ဆာဆေးသွင်းကုသမှုခံယူနေရသူ တွေမှာလည်း ပျို့ချင်အန်ချင်စိတ်ပေါ်တဲ့ ဝေဒနာနဲ့ အန်တဲ့ ဝေဒနာကို သက်သာ စေပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )