22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, August 4, 2012

အကြွေး လည်ပင်းနစ်နေသည့် ဂရိ ယူရိုမှထွက်ပေးရဖွယ်ရှိ

 

ဂရိနိုင်ငံသည် ကြွေးမြီများစွာ တင်၍ ရေစုံ မျောနေရသည့် အခြေအနေကို ရင်ဆိုင် နေရ သောကြောင့် နိုင်ငံတကာ ခြိုးခြံချွေတာရေး ကြီးကြပ်သူ များက အသုံးစရိတ် လျှော့ချ ဖြတ်တောက်ရေး အပြင်းအထန် ပြုပြင်ပြောင်းလဲမှု အသစ် တစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဂရိဝန်ကြီးချုပ် ကို အလေးအနက် တိုက်တွန်း ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် တစ်လကျော် လောက်တွင်မှ အာဏာရလာခဲ့သူ ကွန်ဆာဗေးတစ်ပါတီဦးဆောင် သည့် ညွန့်ပေါင်းအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် အန်တိုနီစ်ဆမာရာ့စ် (Antonis Samaras) သည် ၄င်း ၏ အရှေ့မှ ပုဂ္ဂိုလ်များ၏ ခြိုးခြံ ချွေတာရေးလုပ်ငန်းများအတွက် စွဲမြဲလုပ်ဆောင်ရန်နှင့် လျှော့ချမှုများ ပြုလုပ်ရန်အတွက် နယ်ပယ်အသစ်များကိုလည်း ရှာဖွေရန် အပြင်း အထန် ဖိအားပေးခံနေရသည်။ သုံးပွင့်ဆိုင်ဟုလူသိများ သော ဥရောပသမဂ္ဂ၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့နှင့် ဥရောပဗဟိုဘဏ် တို့မှ အရာရှိများသည် ယခုသီတင်း ပတ်တွင် ဂရိနိုင်ငံ၏ ခြိုးခြံချွေတာ ရေးအစီအစဉ်သစ်တစ်ရပ်ကို အစ ပြုနေပြီဖြစ်သည်။
စက်တင်ဘာလ တွင် မျှော်လင့်ထားသည့်အတိုင်းဖြစ်လာပါက အေသင်မြို့သည် အရေးကြီးသည့် ကြွေးမြီပြေလည် ရေးအတွက် ငွေကြေးရယူနေခြင်း ကို ရပ်တန့်ရမည်ဖြစ်ပြီး ဝရုန်း သုန်းကား ဒေဝါလီခံရဖွယ်ရှိကာ ယူရိုမှလည်း ထွက်ပေးရမည်ဖြစ် သည်။ အဆိုပါ အကြွေးလည်ပင်းနစ် နေသော ဂရိနိုင်ငံသည် ၂၀၁၀ ပြည့် နှစ်မေလမှစ၍ နိုင်ငံတကာကယ် တင်စောင့်ရှောက်မှုများအပေါ်တွင် အသက်ရှင်ရပ်တည်လျက်ရှိခဲ့သည် ဟု ဆိုသည်။
ဂရိနိုင်ငံသည် ၂၀ဝ၉ ခုနှစ် တွင် ၁၅ ဒသမ ၈ ရာခိုင်နှုန်းမှ လွန် ခဲ့သည့်နှစ်တွင် ၉ ဒသမ ၁ ရာခိုင် နှုန်းအထိ ဘတ်ဂျက်လိုငွေ ပြမှုကိုအံ့ဩလောက်အောင် လျှော့ချနိုင်ခဲ့ သည်။ ဆဗာရာ့စ်၏ အစိုးရအဖွဲ့ သည် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ် တွင် အသုံးစရိတ်လျှော့ချရေးနှင့် အခွန်မြှင့်တင်ရေးဆောင်ရွက်ချက်များဆိုင်ရာ ကမ်းလှမ်းချက်ကို ယူရိုငွေ ၁၄ ဒသမ ၅ ဘီလီယံ အတွက် မြီရှင်များထံမှ ထောက်ခံ အတည်ပြုချက်ရမည်ဖြစ်သည်။ အသေးစိတ်များကိုအများပြည်သူ သိအောင် မထုတ်ဖော်သေးသော်လည်း စုဆောင်းငွေများစွာကို ပင် စင်ငွေများနှင့် အမြတ်အစွန်းငွေများ ဖြင့် အသစ်လျှော့ချထားမှုမှ ရရှိရန် မျှော်လင့်ထားသည်ဟု သိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )