22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, August 10, 2012

ရွှေအများဆုံး ထွက်သော ရွှေကျင်ကုန်း အား ပြည်ပ နိုင်ငံသားများ လာရောက် လုပ်ကိုင်

မုံရွာ ခရိုင်ကနီမြို့နယ် အတွင်းမိရိုး ဖလာ ရွှေအများဆုံး ထွက်ရှိ သော တဇယ်ချောင်ကျေးရွာ အနီး ရွှေ ကျင်ကုန်းအား ယခုနှစ် ဇွန်လမှ စ၍ ပြည်ပနိုင်ငံသား ကုမ္ပဏီတစ် ခုက စက်ယန္တရားများဖြင့် တူး ဖော် လုပ်ကိုင် ဆောင်ရွက် လျက်ရှိ ကြောင်း ကနီမြို့နယ် ဒေသခံများ က ပြောပြသည်။

"ကနီမြို့နယ် တဇယ်ချောင် ကျေးရွာအနီးက ဒေသအခေါ် ရွှေကျင်ကုန်းလို့ခေါ်တဲ့ တောင် ကုန်းက လွန်ခဲ့တဲ့ ၂၅ နှစ်ဝန်း ကျင်က မိရိုးဖလာလက်တူးတူးခဲ့ တာ ဒေသခံတွေ ငွေကြေးအဆင် ပြေတဲ့အထိရတယ်။ ရွှေကျင်ကုန်း က ရွှေဝါထက် ရွှေဖြူပိုထွက်တယ် ဆိုတာ ရွှေတူးသူတိုင်းသိပေမယ့် နည်းပညာ မသိတဲ့ အတွက် ရွှေဖြူ ကို မထုတ်နိုင်ဘူး။ ပြီးခဲ့တဲ့နှစ်တုန်း က စမ်းသပ်မှုတွေ လုပ်ကိုင်ခဲ့တဲ့ တရုတ်နိုင်ငံသား ရွှေတူးသူတွေက ဒီနှစ်ဇွန်လကစပြီး စက်ယန္တရား တွေနဲ့ နေ့ရောညပါ စတင်တူး ဖော်နေပြီ။ ရွှေဖမ်းတဲ့အခါ မိရိုးဖ လာပြဒါးနဲ့ ဖမ်းလေ့ရှိပေမယ့် အ ချို့ရွှေတူးဖော်ရေးလုပ်ငန်းတွေက ဆိုက်ရာနိုက်အက်စစ်တွေအသုံးပြု တာတွေ ရှိတဲ့အတွက် ဒေသခံ တွေ စိုးရိမ်မှုတွေဖြစ်နေတယ်"ဟု ကနီမြို့နယ် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီတာဝန်ရှိသူ ဦး သိန်းထွေးက ရွှေကျင်ကုန်းရွှေတူး ဖော်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ပြောကြားသည်။

" ဒီရွှေကျင်ကုန်းမှာ ကုမ္ပဏီ လုပ်ကွက်ကတော့ နည်းတယ်ဆို ပေမယ့် ရွှေဖြူရော ရွှေဝါရော ထွက်တယ်။ ဒီနှစ်မှ ရွှေတူးဖော် ရေးလုပ်ငန်း လုပ်ကိုင်တယ် ဆို ပေမယ့် တရုတ်နိုင်ငံသားတွေ လုပ်ကိုင်တာ လပိုင်းရှိသေးတယ်။ စောစောပိုင်းက ဒေသခံအလုပ် သမားတွေ ခေါ်ယူတာမရှိဘူး။ တဇယ်ချောင်ကျေးရွာက ဒေသခံ ၁၃ ဦးနဲ့ ကနီမြို့ပေါ်ကနှစ်ဦးကို လက်တူးဗန်းကိုင်တွေကို အလုပ် ခန့်တာ ရက်နှစ်ဆယ်လောက်ပဲ ရှိသေး တယ်။ ရွှေတူးဖော်ရေးလုပ် ငန်းခွင်အတွင်းတော့ အပြင်လူဝင် ခွင့်မပြုဘူး။ ကုမ္ပဏီလို့ဆိုပေမယ့် ဘယ်ကုမ္ပဏီက လုပ်ကိုင်တယ်ဆို တာ ဆိုင်းဘုတ်ချိတ်ထားတာမရှိ သလို ကုမ္ပဏီတံဆိပ်တွေလည်း မ မြင်ဖူးဘူး"ဟု အဆိုပါရွှေတူးဖော် ရေးလုပ်ငန်းမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

၁၉၈၅ ခုနှစ်မှ ၁၉၈၇ ခုနှစ် အထိ မိရိုးဖလာရွှေတူးဖော်ရေး လုပ်ငန်း တွင်ကျယ်ခဲ့သည့် ရွှေ ကျင်ကုန်းတွင် မြေကြီးကို လှိုက် တူးပြီး ရွှေရှာရာမှ မြေကျင်း ပြိုပြီး သေဆုံးမှုမှာ ၂ နှစ်အတွင်း လူ ၃၀ နီးပါး သေဆုံးခဲ့ဖူးသည်ဟု ဆိုသည်။ လူသေဆုံးမှုကြောင့် ရွှေ တူးသည့်လုပ်ငန်းများ ရပ်နားခဲ့ ကာ ရွှေတူးလုပ်ငန်း တစ်ခု၊ နှစ်ခု သာ လုပ်ကိုင်ခဲ့ပြီး ယခုရွှေကျင် ကုန်းမြေများကို တရုတ်နိုင်ငံသား များ စက်ယန္တရားဖြင့် ရွှေတူးရာ ရွှေဖြူ၊ ရွှေဝါထွက်သည်ဟု ဆို ကြောင်း ကနီမြို့နယ် တဇယ် ချောင်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

" ချင်းတွင်းမြစ်ရိုးမှာ လက် လုပ်လက်စား ဒေသခံတွေကို ရွှေ တူးဖော်ခွင့်ပြုပါလို့ ခွင့်တောင်း တော့ ဒေသဆိုင်ရာ တာဝန်ရှိသူ တွေက လက်တူးတူးပြီး ဗန်းနဲ့ ရွှေ ကျင်တယ် ထင်နေတာ။ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တွေပြော တဲ့လက်က သာမန်လက်မဟုတ် ဘူး။ မြေကော် စက်လက်တံကြီး တွေနဲ့ကျင်နေတော့ ချင်းတွင်းမြစ် ဖျားပိုင်းက သဘာဝပတ်ဝန်းကျင် ထိခိုက်စေတဲ့ ရွှေလုပ်ငန်းကို ရပ် နားရတဲ့အထိ လုပ်ပိုင်ခွင့်တွေ ရုပ် သိမ်းတယ်" ဟု စစ်ကိုင်းတိုင်းဒေ သခံရွှေလုပ်ငန်းရှင်တစ်ဦးကပြော သည်။

ကနီမြို့နယ်အတွင်း စက် ယန္တရားများဖြင့် ရွှေတူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သော ရွှေကျင်ကုန်းရွှေတူးဖော် ရေး လုပ်ငန်းသည် ချင်းတွင်းမြစ် နှင့် တစ်မိုင်ခွဲခန့်၊ ကနီမြို့တောင် ဘက် ရေဝချောင်းနှင့် တစ်မိုင်ခန့် ကွာဝေးသော တဇယ်ချောင်း၊ ရှမ်း မြောင်းကျေးရွာအနီးတွင် တည်ရှိ ကြောင်း သိရသည်။ ရွှေကျင်ကုန်း တွင် ယခင်က ဆီးစိုက်ပျိုးရေးခြံ များ စိုက်ပျိုးခဲ့ပြီး ဆီးစိုက်ပျိုးရေးခြံ မြေကွက်၂၀ ခန့်အား ရွှေတူး ဖော်ရေးလုပ်ငန်းအတွက် လွန်ခဲ့ သော နှစ်အတွင်းက မြေကွက် တစ်ကွက်ကျပ်လေးသိန်း၊ ငါးသိန်း ဝန်းကျင်ဖြင့် ရွှေတူးဖော်ရေးလုပ် ငန်းက ဝယ်ယူခဲ့သည်ဟု သိရ သည်။ ၂၀၁၁ ခုနှစ်အတွင်း အဆို ပါရွှေ သတ္တုတွင်းအား စမ်းသပ် မှုများ ဆောင်ရွက်ခဲ့ပြီး ယခုနှစ် ဇွန်လမှစ၍ရွှေတူးဖော်ထုတ်လုပ် မှုများစတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုအခါ ရွှေတူးဖော် ရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင် လျက်ရှိရာ အနီးပတ်ဝန်းကျင် မြေကွက်များ ယခင်ကျပ်လေး သိန်း၊ ငါးသိန်းဝန်းကျင်ရရှိခဲ့ရာမှ ယခုနှစ်တွင် မြေတစ်ကွက်လျှင် ကျပ်သိန်းနှစ်ဆယ်ကျော်အထိ ရွှေတူးဖော်ရေးလုပ်ငန်းက မြေ ကွက်များဝယ်ယူလာကြောင်း သိ ရသည်။ ချင်းတွင်းမြစ်ရိုး တစ် လျှောက်ရွှေတူးဖော်ရေးလုပ်ငန်း များတွင် အသုံးပြုသော ဆိုက် ရာနိုက် အက်စစ်များ အသုံးပြုမှု ကြောင့်ဇီဝသက်ရှိပစ္စည်းများ ပျက် စီးဆုံးရှုံးမည်ကို စိုးရိမ်မှုများ ရှိ ကြောင်း ကနီမြို့နယ် ဒေသခံများ ပြောသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )