22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, August 11, 2012

(၄)နှစ်အရွယ်သမီးငယ်အား ယခုတိုင်မတွေ့ရှိသေးဟုအာဏာပိုင်များပြောကြား

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဆည်းဆာချိန်စားသောက်ဆိုင်မှ အသက်(၄)နှစ်သမီး
 ပျောက်ဆုံးမှုမှာ (၁ဝ)ရက်ကြာပြီဖြစ်သော်လည်း 
ယခုတိုင် မတွေ့ရှိသေး ကြောင်း သက်ဆိုင်ရာ
အရာရှိများက ပြောသည်။

 
ဆိုင်ပိုင်ရှင်၏သမီးဖြစ်သူ အသက်လေးနှစ်အရွယ်ရှိ မမေသူခိုင်သည် ဇူလိုင်လ ၃၁ ရက် နေ့ ည ၉ နာရီ အချိန်ခန့်က   ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
 
ဖြစ်စဉ်မှာ ဆည်းဆာချိန်စားသောက်ဆိုင်သို့ ရဲတပ်ဖွဲ့မှ အရက်ဆိုင်လိုင်စင်နှင့် ပတ်သက၍ ဇူလိုင် (၃၁)ရက်နေ့ ည ၉ နာရီ မိနစ် ၂ဝ ခန့်တွင်  ဝင်ရောက်ဖမ်းဆီးနေချိန် မမေသူခိုင်မှာ အိမ်ရှေ့ရှိ မုန့်ဆိုင်မှ မုန့်ဝယ်ယူနေစဉ် လူတစ်ဦးမှစက်ဘီးဖြင့် တင်ဆောင် ခေါ်ယူသွားခဲ့ကြောင်း ရဲစစ်ချက်များအရ သိရသည်။
 
မမေသူခိုင် ပျောက်ဆုံးသွားခြင်းကြောင့် ဖခင်ဖြစ်သူမှာ သြဂုတ်လ (၁)ရက်နေ့က လူပျောက်မှုဖြင့် အမှုဖွင့်တိုင်ကြားခဲ့သည်။
 
အဲ့အချိန်က ကျွန်မတို့ဆိုင်ကိုဖမ်းပြီး အာမခံလုပ်ဖို့ လူလိုက်ရှာနေတဲ့အချိန်မှာ ကလေး မရှိတော့မှန်း သိရတယ်။ အဲ့ဒါနဲ့လိုက်ရှာတော့ ကလေးကို လူတစ်ယောက်က စက်ဘီးနဲ့ ခေါ်သွားတယ်လို့ အိမ်နီးချင်းတစ်ယောက်ကပြောတယ်’’ ဟု မမေသူခိုင်၏ မိခင် ဖြစ်သူ ဒေါ်ကေခိုင်က ပြောသည်။
 
မမေသူခိုင်ပျောက်ဆုံးသွားတာ တစ်ပတ်ကျော်ကြာမြင့်သွားပြီဖြစ်သော်လည်း သဲလွန်စ တစ်စုံတစ်ရာမှ မရရှိသေးပဲ မိဘများအနေဖြင့် အလွန်စိုးရိမ်ပူပန်နေသည်။
 
ကလေးက လေးနှစ်အရွယ်ဆိုတော့ ဥာဏ်ရည်ဖွံ့ဖြိုးတဲ့အရွယ်လေ။ အဲ့ဒါကြောင့် ကလေးကို တစိမ်းတစ်ယောက်က   ခေါ်လို့ရမယ်လို့မထင်ဘူး။ ကလေးက သိတဲ့တစ် ယောက်ယောက် ၊ရင်းနှီးတဲ့သူတစ်ယောက်ယောက်   ခေါ်ဆောင်သွားတာ ဖြစ်နိုင်တယ်။’’ ဟု မြောက်ဥက္ကလာပရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက သုံးသပ်ပြောကြားသည်။
 
မမေသူခိုင်ပျောက်ဆုံးသွားခြင်းနှင့် ပတ်သက်၍ မြောက်ဥက္ကလာပရဲစခန်းအနေဖြင့် ကလေးသူငယ်ပြုစု   စောင့်ရှောက်ရေးအဖွဲ့နှင့် လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးအဖွဲ့တို့မှ ပူးပေါင်းရှာဖွေလျှက်ရှိနေသည်။
 
အဆိုပါကလေးပျောက်ဆုံးမှုမှာ အသက်(၁၆)နှစ်အောက်ဖြစ်သည်နှင့်အညီ မိဘအုပ်ထိန်း သူ မသိပဲ   ခေါ်ဆောင် သွားခြင်းဖြစ်သည့်အတွက် လူခိုးမှုမြောက်သဖြင့် ပုဒ်မ(၃၆၆)ဖြင့် တရားဆွဲအရေးယူနိုင်ကြောင်း၊''ကလေးက   မိန်းကလေးဆိုရင် အပြစ်ပိုကြီးပါတယ်။ ခေါ်ဆောင်သွားသူကို တရားဥပဒေ အရ ထောင်နှစ်နဲ့ ချီပြီးကျခံနိုင်တယ်။ လက်တလော အခြေအနေပေါ်လည်း မှုတည် ပါတယ်။'' ပာု တရားလွှတ်တော်ရှေ့နေ ဦးဌေးဦးက ပြောသည်။
 
ထို့ပြင် မိသာစုဝင်များ၏ သတ်မှတ်ချက်အရ ခိုးယူသွားဖွယ်ရှိသည့် လူပုဂ္ဂိုလ်၏ အမှု ကျူးလွန်သည့် ရည်ရွယ်ချက်အပေါ်တွင် မှုတည်၍ ပြစ်ဒဏ်ကျခံရဖွယ်ရှိကြောင်းကိုလည်း သိရသည်။

မြစ်မခမီဒီယာ
 
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )