အေအိုင်ဒီအက်စ် ရောဂါ ကြောင့် အဆုတ်၌ ပိုးဝင်မှု ကို ကုသ ရာတွင် အသုံးပြု နေသော ဆေးဝါးတစ်မျိုးသည် အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ပိုးများ ပွားများခြင်းကို ကာကွယ်နိုင်စွမ်းရှိကြောင်း တွေ့ရှိရရာ အဆိုပါ ဗိုင်းရပ်စ်ကို ဖယ်ရှားရန်နှင့် ထိန်းချုပ်ရန် နည်းလမ်းသစ်တစ်ရပ်ကိုပေးနိုင် လိမ့်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များက ဇူလိုင်လ ၁၉ ရက်နေ့တွင် ကြေညာခဲ့ သည်။ တရုတ်နိုင်ငံ အရှေ့ပိုင်း ကီကျန်ပြည်နယ် ကီကျန်တက္ကသိုလ်မှ ပါမောက္ခရှန်ပင်ဟွိုင် ဦးဆောင်သော သုတေသနအဖွဲ့သည် ပန်တာမီဒင်း ပါဝင်သော ဆေးဝါးတစ်ရပ်က အိပ်ခ်ျ အိုင်ဗွီ ဗိုင်းရပ်စ်ပိုး၏ ဘဝစက်ဝန်းကို ဖြတ်တောက်နိုင်ပြီး ဗိုင်းရပ်စ်ပိုးများ မျိုးပွားခြင်းကို ကာကွယ်နိုင်ကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဆေးဝါးက ခန္ဓာကိုယ်၏ ကိုယ်ခံအား စနစ်ကို အထောက်အကူပြုနိုင်ပြီး အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပေါ်တိုးတက်မှုကို ဟန့်တားနိုင် ကြောင်း တွေ့ရှိခဲ့သည်။ အိပ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်၏ ခန္ဓာကိုယ်အတွင်း ရောဂါပျိုးချိန်သည် ၁၀ နှစ်ကြာပြီး ယင်းကာလအတွင်း ဗိုင်းရပ်စ်ပိုးသည် ကိုယ်ခံအားစနစ်တွင် ပါဝင်သော ဆဲလ်များကို ရောဂါရစေကာ ゞင်းတို့ပွားများရန် ရောဂါပိုးပျံ့နှံ့ရန်၊ ယင်းဆဲလ်များနှင့် ゞင်းတို့၏ ပရိုတိန်းများကို သုံးစွဲသောကြောင့် ကိုယ်ခံအားစနစ်ကို ဖြည်းဖြည်းချင်း ယိုယွင်းလာစေသည်။ ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်ပိုးအား တိုက်ခိုက်နိုင်စွမ်းမရှိတော့သည့်အခါ အေအိုင်ဒီအက်စ်ရောဂါ၏ လက္ခဏာရပ် များဖြစ်ပေါ်ကြောင်း သိရသည်။ အိပ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်ပိုးများ ပွားများရာတွင် အရေးပါသည့် ပရိုတိန်းတစ်မျိုးမှာ FEN-1 ဖြစ်ပြီး ပန်တာမီဒင်းပါသော ဆေးဝါးက ယင်းပရိုတင်းကို ဖျက်ဆီး ပစ်ခြင်းအားဖြင့် အိပ်ခ်ျအိုင်ဗွီပိုးများ ပွားများမှုကို တားဆီးနိုင်သည်ဟု ဆိုသည်။
Monday, August 6, 2012
Zawgyi Converter
Note - If you don't install zawgyi myanmar font in your computer,
can be use this zawgyi converter
4:58 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com