2012-08-06
မြန်မာပြည်က မွတ်ဆလင် ရိုဟင်ဂျာတွေအရေးကို ၀င်ရောက် မစွက်ဖက်ခင် အင်ဒိုနီးရှားက ဖိနှိပ်ခံနေရတဲ့ ခရစ်ယာန်တွေရဲ့ အရေးကို အရင်ဆုံး ဖြေရှင်းပေးပါလို့ အင်ဒိုနီးရှားနိုင်ငံက ခရစ်ယာန်တွေက အစိုးရကို တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
နိုင်ငံတကာမှာ မြန်မာပြည်က ရိုဟင်ဂျာအရေး ဦးဆောင်မဖြေရှင်းခင် သမ္မတ ဆူစူလို ယူဒိုယိုနို အနေနဲ့ ကိုယ့်နိုင်ငံထဲက လူနည်းစု ဘာသာဝင်တွေ ဖိနှိပ်ညှဉ်းပန်း ခံနေရတဲ့ အရေးကို အရင်ဖြေရှင်းသင့်တယ်လို့ အင်ဒိုနီးရှားက GKI ခရစ်ယာန် ကျောင်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုလိုက်ပါတယ်။
အင်ဒိုနီးရှား သမ္မတက မြန်မာပြည်က ရိုဟင်ဂျာအရေးကို ဦးသိန်းစိန် အစိုးရက ကိုင်တွယ်ပုံဟာ မှန်ကန်ကြောင်း သူ့အနေနဲ့လည်း ရိုဟင်ဂျာအရေးကို ကူညီဖြေရှင်းပေးလိုကြောင်း ပြီးခဲ့တဲ့ စနေနေ့က ကမ်းလှမ်းပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် နောက်ထပ် ခရစ်ယာန်ကျာင်းတော် တစ်ခုဖြစ်တဲ့ HKBP ချပ်ကျောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုရာမှာလည်း သမ္မတ ယူဒိုယိုနိုအနေနဲ့ ကိုယ့်နိုင်ငံအတွင်းက နိုင်ငံသားတွေရဲ့ အရေးထက် သူတစ်ပါးနိုင်ငံက နိုင်ငံသားတွေရဲ့ အရေးကို ပိုမို အလေးထားတာ တွေ့ရတဲ့အတွက် စိတ်ပျက်မိကြောင်း ပြောဆိုပါတယ်။
6:12 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com