22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, August 10, 2012

အင်တာ ဂိုးသမား ဆီဇာကို ခေါ်ယူရန် စီစဉ်နေသည့် စပါး

တော့တင်ဟမ် ဟော့စပါး အသင်းသည် အင်တာမီလန် ဂိုးသမား ဂျူလီယို ဆီဇာကို ခေါ်ယူရန် စီစဉ်နေကြောင်း သတင်းများ ပြန်လည် အားကောင်း လာခဲ့သည်။


နွေရာသီ ဈေးကွက်အတွင်း ထိပ်တန်း ဂိုးသမားတစ်ဦး ဝယ်ယူရန် ကြိုးပမ်းနေသည့် စပါးမန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်သည် ဘရာဇီးလ် လက်ရွေးစင် ဆီဇာ၏ လက်စွမ်းကို စိတ်ဝင်စားလျှက် ရှိနေသည်။ စပါးသည် ဦးစားပေး ပစ်မှတ်အဖြစ် အိုလံပစ် လိုင်ယွန်မှ ပြင်သစ် လက်ရွေးစင် ဟူဂိုလောရစ်ကို ချိန်ရွယ်ခဲ့သော်လည်း ပြင်သစ်ကလပ်က ပေါင်စတာလင် (၁၅)သန်း တောင်းဆိုခဲ့ခြင်းကြောင့် ဆီဇာဘက် မြားဦးလှည့်လာခြင်း ဖြစ်သည်။ အသက်(၃၂)နှစ်ရှိ ဆီဇာသည် ယခုနွေရာသီတွင် ဆန်စီရိုမှ ထွက်ခွာနိုင်ကြောင်း သတင်းများ ပျံ့နှံ့လျှက်ရှိသည်။
အင်တာမီလန် ဂိုးသမား ဂျူလီယို ဆီဇာ

ဆီဇာသည် အင်တာတွင် အခွန်နုတ်ပြီး တစ်ပတ်လုပ်ခ ပေါင်စတာလင် (၈၅၀၀၀) ခံစားခွင့် ရှိနေသူဖြစ်သည်။ အင်တာသည် လုပ်ခလစာ လျှော့ချရန် ဆန္ဒရှိနေရာ ပြီးခဲ့သည့်လက ဆီဇာအား ပါးလ်မီးရပ်စ်သို့ အလွတ်ပြောင်းရွှေ့ခွင့် ပြုခဲ့သော်လည်း ဘရာဇီးလ် ကလပ်က ကစားသမား၏ လုပ်ခကို မတတ်နိုင်ခဲ့ချေ။ ယခုအခါ စပါးသည် ဆီဇာကို ချိတ်ဆက်လာခဲ့ပြီး ဘိုအာ့စ်အနေဖြင့် ကစားသမား၏ လုပ်ခကို ပေးချေရန် ဆုံးဖြတ်ဖွယ် ရှိနေသည်။ စပါးသည် လူကာမိုဒရစ်အား ရီးယဲလ်မက်ဒရစ်ထံ ရောင်းထုတ်ရေးတွင်လည်း ရီးယဲလ်က ရီကာဒို ကာကာအား ဦးစွာ မရောင်းချနိုင်သေးခြင်းကြောင့် တိုးတက်မှု မရှိသေးဘဲ ဖြစ်နေကြောင်းလည်း သိရှိရသည်။
အင်တာသည် လုပ်ခလစာ လျှော့ချရန် ဆန္ဒရှိနေရာ ပြီးခဲ့သည့်လက ဆီဇာအား ပါးလ်မီးရပ်စ်သို့ အလွတ်ပြောင်းရွှေ့ခွင့် ပြုခဲ့သော်လည်း ဘရာဇီးလ် ကလပ်က ကစားသမား၏ လုပ်ခကို မတတ်နိုင်ခဲ့...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )