22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, August 10, 2012

ချယ်လ်ဆီး၏ မီရာလက်စ်ကို စိတ်ဝင်စားနေသည့် နာပိုလီ

နာပိုလီ အသင်းသည် ချယ်လ်ဆီး ကွင်းလယ်လူ ရောလ်မီရာလက်စ်ကို ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ဖွယ် ရှိနေကြောင်း သိရှိရသည်။

အီတလီ ကလပ် အသင်းသည် ယမန်နှစ် ဘောလုံး ရာသီက ခြေစွမ်းပြ ကစားခဲ့သည့် အာဂျင်တီးနား လက်ရွေးစင် အက်ဇ်ကွီရယ်လ် လာဗက်ဇီအား PSG ထံ ရောင်းထုတ်ခဲ့သည့်နောက် ကွင်းလယ်နှင့် တိုက်စစ်ကြား ချိတ်ဆက်ပေးမည့် ကစားသမား တစ်ဦးကို ပြန်လည် ဝယ်ယူရန် စီစဉ်နေသည်။ အသက်(၂၉)နှစ်ရှိ ပေါ်တူဂီ လက်ရွေးစင် မီရာလက်စ်သည် ယမန်နှစ် ဘောလုံး ရာသီကမှ လီဗာပူးလ်ကို စွန့်ခွာကာ ချယ်လ်ဆီးသို့ ပြောင်းရွှေ့လာခြင်း ဖြစ်သည်။ ချယ်လ်ဆီးတွင် ပုံမှန် နေရာရရေး ခက်ခဲနေသည့် မီရာလက်စ်အား ပေါင်စတာလင် (၈)သန်းဖြင့် ကမ်းလှမ်းရန် နာပိုလီက ရည်ရွယ်ထားသည်။



မီရာလက်စ်သည် ယခုနွေရာသီတွင် ချယ်လ်ဆီးသို့ ကွင်းလယ် ကစားသမား အမြောက်အမြား ရောက်ရှိလာခြင်းကြောင့် စတမ်းဖို့ဒ် ဘရစ်ဂ်ျကို ကျောခိုင်းရန် စဉ်းစားလျှက် ရှိနေသည်။ ချယ်လ်ဆီး၏ လူငယ် ကွင်းလယ်ကစားသမား ဂျော့ရှ် မက်အက်ခ်ျရန်းမှာလည်း ဘလက်ဘန်းရိုဗာနှင့် ဘော်လ်တန် အသင်းများက အငှားခေါ်ယူရန် ကမ်းလှမ်းမှုကို ခံထားရသည်။ ချယ်လ်ဆီးသည် ကွင်းလယ်အတွက် အီဒင်ဟာဇက်၊ မာကိုမာရင်နှင့် အော်စကာတို့ကို ခေါ်ယူထားသည့်နောက် မီရာလက်စ်ကို ပွဲထွက်နေရာပေးရန် အခက်အခဲ ရှိလာနိုင်ကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
ချယ်လ်ဆီးတွင် ပုံမှန် နေရာရရေး ခက်ခဲနေသည့် မီရာလက်စ်အား ပေါင်စတာလင် (၈)သန်းဖြင့် ကမ်းလှမ်းရန် နာပိုလီက ရည်ရွယ်ထား...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )