22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, August 2, 2012

ဩဂုတ်လအတွင်း မုန်တိုင်းငယ်တစ်လုံး ဖြစ်နိုင်ဟု မိုး/ဇလ ဆို


ယခုနှစ် ဩဂုတ်လ အတွင်း ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ် နိုင်ပြီး ပိုမိုအား ကောင်းလာကာ မုန်တိုင်းငယ် အဖြစ် ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနက သတင်းထုတ်ပြန်သည်။ မိုးလေဝသ ပညာရှင် ဦးထွန်း လွင်က“ မြန်မာနိုင်ငံကိုတော့ မိုး ကြိုနဲ့မိုးလွန်ကာလတွေမှာ မုန်တိုင်း ဝင်တာများတယ်။ ဩဂုတ်လမှာ တော့ မုန်တိုင်းဖြစ်ဖို့ အလားအလာ နည်းပါတယ်။ ဖြစ်ချင်လည်းဖြစ် မှာပေါ့။ မြန်မာနိုင်ငံကိုတော့ ဝင်ဖို့ နည်းပါတယ်”ဟု Venus News Weekly သို့ ပြောကြားသည်။
မြန်မာနိုင်ငံနှင့် နီးစပ်သည့် ဘင်္ဂလားပင်လယ်အော်တွင် နှစ်စဉ် မိုးကြိုနှင့် မိုးလွန်ကာလများတွင် မုန်တိုင်းလေးလုံးခန့်ဖြစ်ပွားလေ့ရှိ သော်လည်း ယခုနှစ်တွင် မုန်တိုင်း တစ်လုံးမှဖြစ်ပွားခြင်း မရှိသေးကြောင်းသိရသည်။ ယခုနှစ် မိုးကြို ကာလတွင် မုန်တိုင်းဖြစ်ပွားခြင်း မရှိကြောင်း၊ ရာသီဥတုအပြောင်း အလဲကြောင့် မိုးတွင်းကာလတွင် လည်း မုန်တိုင်း မဖြစ်နိုင်ကြောင်း၊ မိုးလွန်ကာလဖြစ်သည့် အောက်တို ဘာ၊ နိုဝင်ဘာလများတွင် ဖြစ်ပေါ် နိုင်ကြောင်း ဦးထွန်းလွင်က အင် တာဗျူးတစ်ခုတွင် ပြောကြားထား သည်။ မြန်မာနိုင်ငံသို့ ၂၀ဝ၆ ခုနှစ်မှ စတင်ကာ မုန်တိုင်းများ နှစ်စဉ် ဆက်တိုက်ဝင်ရောက်ခဲ့ပြီး ၂၀ဝ၈ ခုနှစ် မေလ ၂ ရက်နေ့တွင် ဖြစ်ပေါ် ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လူဦးရေ သုံးသိန်းခန့် သေဆုံးခဲ့ သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )