စန္ဒီမြင့်လွင်က ‘ရှော့ခ်’ ဗီစီဒီ လေးကို ထူးခြားစွာ တင်ဆက်မှုတွေနဲ့ ရိုက်ကူးနေ ပါတယ်။ ‘ရှော့ခ်’က ပရိသတ်ကြားမှာ အောင်မြင်မှု ရရှိနေပြီဖြစ်တဲ့ အတွက် ဗီစီဒီကိုလည်း ပရိသတ်တွေလက်ထဲကို အမြန်ဆုံးရောက် အောင်ကြိုးစားနေကြောင်း ပြောပါတယ်။
‘ရှော့ခ်’ဗီစီဒီမှာ ထူးခြားတာတစ်ခုကတော့ ရက်ပါတစ်ယောက်ဖြစ် စန္ဒီမြင့်လွင်က ၁၉၈ဝခုနှစ်တုန်းက ရော့ခ်ပုံစံနဲ့လည်း တင်ဆက်ထားပါတယ်။ ရက်ပါတစ်ယောက်ဖြစ် တဲ့စန္ဒီမြင့်လွင်က ရော့ခ်ဂီတဟာ ပိုခက်ခဲမယ်လို့ထင်ကြောင်း ပြောပါတယ်။ နောက်ပိုင်း ဗီစီဒီတွေမှာ ပြည်ပကပုံရိပ်တွေထည့်သုံးလေ့ ရှိတာကိုတွေ့ရတဲ့အတွက် မေးကြည့်တော့ ‘ရှော့ခ်’ ဗီစီဒီမှာ တော့ ပြည်ပပုံရိပ်တွေထည့်ဖို့ အစီအစဉ် မရှိကြောင်း တင်ဆက်တာကောင်းဖို့က အဓိကကျတယ်လို့ပြောပါတယ်။ အသံပိုင်းအနေနဲ့ ဆရာမတွေဆီမှာလေ့ကျင့်နေကြောင်း၊ ဟိုအရင်ကတည်းက အခုအချိန်ထိ စင်ပေါ်တက်ခါနီးဆိုရင် ဒူးတုန်နေတုန်းပဲလို့ အမှတ်တရအနေနဲ့ ပြောပါတယ်။ စန္ဒီမြင့်လွင်ရဲ့အစ်မဖြစ်သူ မကြီးစိုး (စိုးမြတ်သူဇာ)က သြဂုတ်လ ၁ရက်နေ့မှာ အမေရိကား ခရီးစဉ် သွားဖို့ရှိတဲ့ အတွက် ဘာပစ္စည်းတွေမှာ လိုက်သေးလဲလို့ မေးကြည့်တော့…”မမှာဖြစ်ပါဘူး။
မကြီးလည်း အလုပ်ရှုပ်နေတော့ မမှာပါဘူး။ မတွေ့ဖြစ်တာလည်း ကြာနေပြီ။ ဒီးဒီလည်း ဒီအခွေရိုက်နေတဲ့အချိန်ဆိုတော့ အစ်မတွေဆီမသွား ဖြစ်ဘူး။ အရင်ကမကြီးပြည်ပသွားတိုင်း ညီအစ်မတွေ အတွက် အမြဲတမ်း လက်ဆောင်လေး တွေ ဝယ်လာပေး တယ်။ သူပေးတဲ့လက်ဆောင်ကို ဒီဒီးတို့ယူတယ်။ ကိုယ်လည်း သူပေးတဲ့လက်ဆောင်ကို ကြိုက်နှစ်သက်တယ်။ ဟိုးတစ်ခါကဆိုရင် ဒီးဒီအတွက် အမေရိကားကနေ ဟစ်ဟော့ပ်အခွေ အစစ်ကား ဝယ်လာပေးတယ်။ ပြီးတော့ ရှုတင်ပစ္စည်းတွေလည်း ဝယ်လာပေးတယ်။ ဒီးဒီဘက် ကတော့ မမှာဖြစ်ပါဘူး။ ဒါပေမဲ့ မကြီးစိုးကပဲ ဝယ်လာပေး တယ်”လို့ ပြောပါတယ်။
6:31 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com