22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, August 7, 2012

Body Fitness စန္ဒီလတ်

 
စန္ဒီလတ်နဂိုက Body Fitness ကို တောက်လျှောက် ကစား ဖြစ်တယ်။ ခုနောက်ပိုင်းမှာ အားတဲ့ ရက်မှ ကစားဖြစ်တယ်။ ရေချိုးခါနီး ပြေးစက်ကလေးပေါ်မှာ တက်ပြီး ပြေးလိုက်တယ်။ ဗိုက်ကို နည်း နည်းခါပြီး အဆီချလိုက်တယ်။ ကျန်းမာရေးဆိုတာ လူတိုင်း အ တွက်အရေးအကြီးဆုံးပဲ။ ကျန်းမာ ခြင်းသည် လာဘ်တစ်ပါးဆိုပြီး ဆောင်ပုဒ်လည်းရှိတော့ လူတစ် ယောက်အတွက် အဓိကကTopic ကနေပါတယ်။
အစားအသောက် တွေအနေနဲ့ဆိုရင် ထိန်းသိမ်းတယ်။အစားအသောက်မထိန်းရင် Over Weight ဖြစ်လာနိုင်တယ်။ အသီး အရွက်တွေစားတယ်။ ဆီကို နည်း နည်းပဲထည့်ပြီးစားဖြစ်တယ်။ မက စားအားရင် အစားအသောက်နွဲျှ့Weight ကိုထိန်းတယ်။ အားရင် တော့ ပြေးစက်မှာရှိတဲ့ ကစားနည်း အစုံ ကစားဖြစ်တယ်။ ခန္ဓာကိုယ် ပြည့်လာတယ်ထင်ရင်Diet လုပ် တဲ့ ကော်ဖီသောက်ဖြစ်တယ်။ ယောဂ ကိုတော့ ကစားချင်တယ်။ အချိန်က ပုံမှန်အချိန်ပေးရတော့ အခုချိန်ထိ မကစားဖြစ်သေးဘူး။ ကစားချင်တဲ့ စိတ်တော့ရှိတယ်။
ကျန်းမာရေး ပတ်သက်ပြီး အထက် တန်း ကျောင်းသူ ဘဝကနေ တက္ကသိုလ်တက်တဲ့အထိ ဧရာဝတီတိုင်းဒေသကြီးမှာကာယ အလှပြိုင် ပွဲတွေဝင်ဖူးတယ်။ ဆုတွေလည်း ရခဲ့တယ်။ ကျန်းမာရေးနဲ့ ပတ်သတ် ပြီး အစားအသောက်နဲ့ အနေ အထိုင်ကို မျှတအောင် ဂရုစိုက် သင့်တယ်။ ကျန်းမာရေး အတွက် အားကစားတစ်ခုခုကို တစ်ပတ်ကို သုံးရက်လောက်တော့ လုပ်သင့်ပါ တယ်လို့ ပရိသတ်တွေကို အကြံပေး ချင်ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )