22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, August 11, 2012

ထိုင်းနိုင်ငံ Shinawatra University ၏ ပညာသင်ဆုကို လျှောက်ထားနိုင်ပြီ


ထိုင်းနိုင်ငံ၌ ပညာ သင်ကြားရန် စိတ်ဝင်စား ကြသော မြန်မာနိုင်ငံမှ တက္ကသိုလ် ဝင်တန်း ဖြေဆိုပြီးထားသူများ၊ အောင်မြင်သူများနှင့် ဘွဲ့ရပြီးသူများ အတွက်  ထိုင်းနိုင်ငံ တက္ကသိုလ် Shinawatra University  မှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ စာသင်နှစ်အတွက် ပေးအပ်သော ပညာသင်ဆုကို စတင်လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ယင်းပညာသင်ဆုနှင့် ပတ်သက်သည့် ပညာရေးဆွေးနွေးပွဲနှင့် အရည်အချင်းစစ် စာမေးပွဲကို OESC ပညာရေး စင်တာမှ ကြီးမှူးပြီး ပြုလုပ်စစ်ဆေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပညာသင်ဆု လျှောက်ထားနိုင်ရန်အတွက် ပညာရေး ဆွေးနွေးပွဲကို သြဂုတ်လ ၁၅ ရက်နေ့တွင် OESC Seminar Room ၌ နံနက် ၉ နာရီမှ ၁၀ နာရီအထိ In-House Seminar ပြုလုပ်ပေးမည်ဖြစ်ပြီး ပညာသင်ဆုအတွက် အင်တာဗျူးကို ဆက်လက် ကြေညာသွားမည် ဖြစ်သည်။ ယင်းဆွေးနွေးပွဲ၌် ပညာသင်ဆု လျှောက်ထားရာတွင် လိုအပ်ချက်များ ပညာသင်ဆုအတွက် အဆိုပါ တက္ကသိုလ်၏ စဉ်းစားရွေးချယ်ပုံများ ဝင်ခွင့်သတ်မှတ်ချက်များ ဘာသာရပ်အလိုက် လိုအပ်ချက်များ စာသင်နှစ် တစ်ခုလုံး၏ သင်ကြားပုံများကို အသေးစိတ် ဆွေးနွေးပေးသွားမည် ဖြစ်ကြောင်း OESC မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ ပညာသင်ဆုကို IELTS နှင့် TOFEL အမှတ်မရှိသေးသူများလည်း လျှောက်ထားနိုင်ပြီး Bachelor Program အတွက် IELTS (5.5) ရရှိထားသူများ အနေဖြင့် အင်္ဂလိပ်ဘာသာရပ်အတွက် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ ယင်းတက္ကသိုလ်တွင် Bachelor Program ဘာသာရပ်များနှင့် Master Program ဘာသာရပ်များကို ရွေးချယ်တက်ရောက်နိုင်မည် ဖြစ်သည်။ Shinawatra University သည် ထိုင်းနိုင်ငံရှိ နိုင်ငံတကာ အဆင့်မီ တက္ကသိုလ် တစ်ခုဖြစ်ပြီး Office National Education Standard and Quality Assessment (ONESQA) ၏ အသိအမှတ်ပြု အဆင့်မြင့် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ် များထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။
မြန်မာနိုင်ငံ၌ တက္ကသိုလ် တက်ရောက်နေဆဲသူများသည် မိမိတို့ တက်ရောက်နေသော ဘာသာရပ်နှင့် ပတ်သက်ဆက်နွှယ်သော ဘာသာရပ်များကို လျှောက်ထားပါက ဘာသာရပ် ကင်းလွတ်ခွင့်များ လျှောက်ထားနိုင်ကြောင်း သိရသည်။ ပညာရေးဆွေးနွေးပွဲ တက်ရောက်လိုသူများနှင့် နိုဝင်ဘာ Intake အတွက် ကျောင်းလျှောက်ထားမည့်သူများကို Registration Promotion များ၊ OESC Training Center မှ ဖွင့်လှစ်သော သင်တန်းများကို အခမဲ့ တက်ရောက်ခွင့်များနှင့် တက်ရောက်သူများအတွက် Lucky Draw အစီအစဉ်များ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အသေးစိတ် သိလိုပါက OESC ဖုန်း - ၀၉-၇၃၀၉၄၀၆၀ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )