22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, September 1, 2012

ပုဂ္ဂလိကသို့ လွှဲပြောင်းလိုက်သည့် တညင်းကုန်း အုတ်စက်ရုံ လုပ်သားများ လျော်ကြေးမရ

ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် 
တညင်းကုန်း အုတ်စက်ရုံအား ပုဂ္ဂလိ
ကသို့ စက်တင်ဘာလ ၁ ရက်နေ့တွင် 
လွှဲပြောင်းမည် ဖြစ်သော်လည်း လုပ်သက်
ရင့် စကရုံ ဝန်ထမ်း များမှာ ပင်စင်လစာ  

အပါအ၀င် ခံစားခွင့် လျော်ကြေး တစ်စုံတစ်ရာ ပေးလျော်ခြင်း မရှိကြောင်း စက်ရုံ လုပ်သားများက ပြောကြားသည်။

"ကျွန်တော်တို့ဆီမှာ လုပ်သက် ၂၈ နှစ် ရှိနေတာတောင် လျော်ကြေး မပေးဘူး ၊ နှစ်သုံးဆယ် ပြည့်ရင်လည်း တာဝန် မယူဘူးလို့ စက်ရုံမှူးက အစည်းဝေးမှာ ပြောပါတယ်။ 
 
စည်းကမ်းချက် တွေကို သိချင်လို့ ကပ်ထားပေးပါ ဆိုတော့လည်း မီဒီယာသမားတွေကြောင့် မကပ်ထားဘူး၊ဖတ်ချင်ရင် ၇ုံးခန်းထဲမှာပဲ လာဖတ်လို့ ပြောပါတယ်။" ဟု လုပ်သက် ၂၈ နှစ်ရှိ ယင်းစက်ရုံရှိ ဝန်ထမ်းတစ်ဦး က ပြောသည်။

ယခင်က အဆိုပါ စက်ရုံ ဝန်ထမ်းများကို စက်ရုံအနီးနှင့် ဝင်းအတွင်း နေအိမ်များ ပေးထားပြီး ၊ အချို့ ဝန်ထမ်းများကို တဲထိုး နေထိုင်ခွင့် ပေးသော်လည်း Mother Trading သို့ လွှဲပြောင်းပြီး နောက်ပိုင်းတွင် ဆက်လက် အလုပ်လုပ်မည့် ၀န်ထမ်း အချို့ကိုသာ နေထိုင်ခွင့် ပေးကြောင်း အဆိုပါ စက်ရုံ အလုပ်
သမားများ ထံမှ သိရသည်။

အထက်ပါ ကိစ္စနှင့် ပါတ်သက်ပြီး The Voice Weekly က တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ၀န်ကြီးဌာန၏ ညွှန်ကြားချက် ဖြစ်သောကြောင့် တစ်စုံတစ်ရာ ဖြေကြားပိုင်ခွင့် မရှိပါကြောင်း ၊ အသေးစိတ် သိရှိလိုပါက ၀န်ကြီးဌာန ရုံးအဖွဲ့မှူး ထံသို့ဆက်သွယ် မေးမြန်းရန် ဖြေကြားသည်။
 
 
The Voice weekly 
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )