မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့ရဲ့ သိမ်းပိုက်ခံ လယ်မြေနဲ့ အိမ်ခြံတွေ ပြန်ရရေး တောင်းဆိုနေတဲ့ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း တဝိုက် ဒေသခံတွေဟာ ဒီစီမံကိန်း ရပ်ဆိုင်းဖို့ စုပေါင်းလက်မှတ်ထိုး တောင်းဆိုပွဲကို ဒီနေ့ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စီမံကိန်းကြောင့် ထိခိုက်ရတဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုတွေ၊ စွန့်ပစ် ဓာတုပစ္စည်းတွေကြောင့် ဒေသခံတွေ ကျန်းမာရေး ထိခိုက် နစ်နာရတာတွေ၊ ဘဝနေထိုင်မှု စနစ် ပျက်ယွင်းရတာတွေကို လေ့လာ စမ်းစစ်ထားတဲ့ စာတမ်းတစ်စောင်ကိုလည်း ဒီနေ့ရရှိတဲ့ ဆန္ဒပြု လက်မှတ်တွေနဲ့အတူ သမ္မတဆီ ပေးပို့မယ်လို့ ဒေသခံတွေကို ကူညီနေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဟန်ဝင်းအောင်က RFA ကို ပြောပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် လယ်မြေသိမ်းပြီး ရွာ ၄ ရွာ ပြောင်းရွှေ့ခိုင်းထားပါတယ်။ ဒါ့အပြင် ကုမ္ပဏီက လက်ပံတောင်းတောင်ကို ဖြိုနေပြီး အဲဒီ ဖြိုလိုက်တဲ့ မြေတွေကို ပတ်ဝန်းကျင်က လယ်မြေတွေမှာ ပုံလိုက်တဲ့အတွက် မြေယာဆုံးရှုံးမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် သားစဉ်မြေးဆက် လယ်မြေနဲ့ ဘဝလူနေမှု ဆုံးရှုံးရတော့မယ့် ဒေသခံ တောင်သူတွေက အခုရက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ဆန္ဒပြနေကြပါတယ်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com