တောင်အာဖရိကနိုင်ငံမှာ လော့မင်ကုမ္ပဏီပိုင် မာရီ ကာနာ သတ္တုတွင်းအလုပ်သမား ၃၀၀၀ ကျော် လစာတိုးမြှင်ရရှိရေးအတွက် သတ္တုတွင်းနားက လမ်းတွေမှာ ဖြတ်ပြီးတော့ မနေ့က ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
မျက်ရည်ယိုဗုံးတွေ၊ ရိုင်ဖယ်တွေ ကိုင်ထားတဲ့ ရဲတွေ လက်နက်တပ်ဆင်ထားတဲ့ ယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေကလည်း ဆန္ဒပြအလုပ်သမားတွေကို စောင့်ကြည့်နေပါတယ်။
“၁၂၅၀၀ ကလွဲပြီး တခြားဘာမှ မလိုချင်ဘူး” လို့ ရေးထားတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အလုပ်သမားတွေက လက်ရှိ လစာရဲ့ ၂ ဆနီးပါးရှိတဲ့ တောင်အာဖရိက နိုင်ငံသုံး ရမ် ၁၂၅၀၀ တိုးမြှင့်ပေးဖို့ တောင်းဆိုနေကြတာပါ။
လောမင်နဲ့ အနီးနားက ကရီး (Karee) သတ္တုတွင်း ၀င်ပေါက်မှာ ၂ နာရီလောက် ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေ ဖြစ်ခဲ့ပြီး ကိုယ်စားလှယ်တွေနဲ့ ဆန္ဒပြတဲ့သူတွေ စကားပြောဆိုခဲ့ပါတယ်။ ဆန္ဒပြမှုအတွင်း အကြမ်းဖက်မှု တစုံတရာ ဖြစ်ပွားခဲ့ခြင်းတော့ မရှိပါဘူး။
လောမင်နဲ့ အနီးနားက ကရီး (Karee) သတ္တုတွင်း ၀င်ပေါက်မှာ ၂ နာရီလောက် ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေ ဖြစ်ခဲ့ပြီး ကိုယ်စားလှယ်တွေနဲ့ ဆန္ဒပြတဲ့သူတွေ စကားပြောဆိုခဲ့ပါတယ်။ ဆန္ဒပြမှုအတွင်း အကြမ်းဖက်မှု တစုံတရာ ဖြစ်ပွားခဲ့ခြင်းတော့ မရှိပါဘူး။
မက်သဒစ် (Methodist) ခရစ်ယာန် ဘုရားကျောင်း ဘုန်းတော်ကြီး ပေါလ်ဗေးရီးယန်း (Paul Varian) က “ဒီသတ္တုတွင်းက ရင်းနှီးမြှုပ်နှံနေတဲ့သူတွေ သတ္တုတွင်းကရတာနဲ့ အလုပ်သမားတွေရဲ့ ၀င်ငွေကို တခါတလေ နှိုင်းယှဉ်မိတော့ သူတို့တောင်းဆိုတာက သင့်တော်ပါတယ်”လို့ သူက ပြောပါတယ်။
အလုပ်သမားတွေ ဆန္ဒပြတာ သီတင်းပတ် ၄ ပတ်အထိ ရှိသွားပြီဖြစ်တဲ့ အတွက်လည်း လောမင်ကုမ္ပဏီရဲ့လုပ်ငန်းတွေ ထိခိုက်တာတွေ ရှိနေပြီး သတ္တုတွင်းမှာ အလုပ်ဆင်းတဲ့ လုပ်သား ၄.၂ ရာခိုင်နှုန်းပဲရှိတယ်လို့ ဆိုပါတယ်။
ဒီမငြိမ်သက်မှုတွေကလည်း အာဖရိက အမျိုးသား ကွန်ဂရက် ခေါင်းဆောင်အဖြစ် ဒီဇင်ဘာလမှာ ပြန်အရွေးခံဖို့ သမ္မတ ဂျက်ကော့ ဇူးမားအတွက်လည်း ထိခိုက်နစ်နာမှုတွေ ရှိနိုင်ပါတယ်။
မာရီကာနာ သတ္တုတွင်းဟာ လောမင်ကုမ္ပဏီအတွက် အဓိက ပလက်တီနမ် ထုတ်လုပ်ပေးနေတဲ့ နေရာလည်း ဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံက ကမ္ဘာမှာ စတုတ္တမြောက်အကြီးဆုံး ရွှေထုတ်လုပ်တဲ့ နိုင်ငံလည်း ဖြစ်နေပါတယ်။ ဒီဆန္ဒပြမှုတွေကြောင့် လောမင်ရဲ့ ရှယ်ယာတွေကလည်း ၅ ရာခိုင်နှုန်း အထိ ကျဆင်းသွားပါတယ်။
5:26 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com