22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, September 23, 2012

မလေးတွင် ရောင်းစားခံခဲ့ရသော ရခိုင်အမျိုးသမီး ၂ ဦး အထဲမှ တစ်ဦးကို ကယ်တင်နိုင်

ထွန်းထွန်း
မလေးရှားနိုင်ငံသို့ ရောင်းစား
ခံရသော ရခိုင်အမျိုးသမီး ၂ဦးအနက်
တစ်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း မလေး
ရှား အခြေစိုက် ARRC ဒုက္ခသည် ရုံးမှ
အထွေထွေအတွင်းရေးမှူး ကိုစောသန်းက
နိရဉ္စရာသို့ပြောသည်။

(လွှတ်မြောက်လာသော မပုမ)

ပွဲစားမှတဆင့် မလေးရှားသို့ ရောင်းစားခံရသော အမျိုးသမီး၂ဦးမှာ မပုမနှင့်
မတင်နုတို့ဖြစ်သည်။ မပုမမှာ မင်းပြားမြို့နယ် ကြောင်ရှည်ချောင်း ကျေးရွာမှဖြစ်ပြီး
မတင်နုမှာ ဘူးသီးတောင်မြို့နယ် ခွဆုံကျေးရွာမှဖြစ် သည်ဟု
သိရသည်။

မပုမကို စက်တင်ဘာ ၂ရက်နေ့က ကယ်တင်နိုင်ခဲ့ပြီး ၂၁ရက်နေ့က ARRCရုံးသို့ ခေါ်ဆောင်နိုင်ခဲ့သော်လည်း မတင်နုမှာ ယခုထိ ပျောက်ဆုံးနေသည်ဟု
သိရသည်။

ဖြစ်စဉ်အကျဉ်းချုပ်နှင့် ပတ်သက်၍ ကိုစောသန်းက ယခုလို နိရဉ္စရာသို့
 ပြောသည်။

“သူတို့ရန်ကုန်မှာ စက်ရုံအလုပ်သမားတွေပါ။ မာန်အောင် သား (ရခိုင်) ပွဲစား
 ဦးဥာဏ်ထွန်းနဲ့ “ကြည့်မြင်တိုင် သဲတန်းမှတ်တိုင်”မှာ အဲဒီအမျိုးသမီး ၂ယောက်နဲ့
ဆုံတော့ မလေးရှား ကော်ဖီမစ်စက်ရုံမှာ အလုပ်သွင်းပေးမယ်။
လစာကောင်းကောင်းရမယ်။

 ကျပ်ငွေ ၁သိန်းပေးရင် အဆင်ပြေပြီ။ အဲဒီကို ရောက်တာနဲ့ လုပ်ခထဲက ၆လစာ
 ဖြတ်မယ်ဆိုပြီး မလေးရှားမှာရှိတဲ့ ပွဲစား ဗမာ- မွတ်ဆလင် နေသန်းဌေး (မလေးနာမည် အီပ)
လက်ထဲကို ပို့ပေးတာဖြစ်ပါတယ်” ဟုပြောသည်။

ရန်ကုန်ကနေ ဦးဥာဏ်ထွန်းကတဆင့် မလေးရှားဘက်မှ ပွဲစား နေသန်းဌေး လက်ထဲ
သို့ရောက် ပြီးနောက် သူတို့ ရောင်းစားခံခဲ့ရပုံကို ယခုလိုပြောပြသည်။

“မလေးရှားကို ရောက်တာနဲ့ ၂ယောက်ကို တယောက်နေရာစီ ခွဲလိုက်ပါတယ်။
မပုမမှာ ပထမ မွတ်ဆလင်သူ သူဌေးတဦး၏အိမ်တွင် အိမ်ဖေါ်အဖြစ် ၈လအ
 ရောင်းစားခံရတယ်။

 လုပ်ခလစာ ၆လကိုဖြတ်တော့ နောက်၂ လပိုသွားတဲ့ အတွက် ရင်းဂစ် ၆၀၀ပေးတယ်။
သူဌေးက အဲဒီကတဆင့် လူသူဝေးလွန် ခေါင်းပါး တဲ့အိမ်နံပါတ် (၉)၊ JALAN PULAU
ANGSA U/ 10 B SANWAN CERIA ALAM မှာ ဒုတိယ ၅လရောင်းစား
 ခံခဲ့ရပါတယ်” ဟု ဆိုသည်။

“ ဒီအဆောက်အအုံဟာ သူ့အဆောက်အအုံတွေပါ။  သူဌေးက အိမ်မှာမနေဘူး။
 ၅လပြီးရင် မပုမက အိမ်ရှင် သူဌေးမဆီက ငွေတောင်းပါတယ်။

သူဌေးမကနင်တို့ အတွက် ပထမဆုံး ရင်းဂစ် ၉၀၀၀ ပေးလိုက်ရပြီ။ လစဉ်လဲ
 ပွဲစားကို ရင်းဂစ်၇၀၀စီ ပေးနေရတယ်။ နင့်ကိုပေး စရာ အကြောင်းမရှိဘူးဆိုပြီး
 ဆူပူကြိမ်းမောင်းပြီးမှ ရောင်းစား ခံထားရတာကိုသိတယ် လို့ပြောတယ်လို့
ဆိုပါတယ်” ဟု ပြောသည်။

သူဌေးမထံ ဆူပူကြိမ်းမောင်းခံရပြီးနောက် ဗမာပွဲစား နေသန်းဌေး(မလေးနာမည် အီပ)
သည် အဆိုပါအိမ်သို့ ရခိုင်ပြည်တွင် ရခိုင်-ဘင်္ဂလီပဋိပက္ခအတွင်း ရောက်လာသောအခါ
 မပုမအား လူမဆန်စွာ ပြောဆိုခဲ့သည်ဟု မပုက ကိုးကားပြီး သူက
ဆိုသည်။

“ နင့်ကိုနောက် ၂နှစ်ကြာပြီးမှ ပို့ပေးမယ်။ နင်ဘာမှ မပေးနဲ့ သတ်ပစ်မယ်လို့ ပြောခဲ့
ပါတယ်။ သေချင်လားလို့ ပြောခဲ့ပါတယ်။

သူငယ်ချင်း မတင်နုကိုမေးတော့ သူ့ကိုနောက် ၇နှစ်ကြာမှ တွေ့ရလိမ့်မယ်လို့ ပြောပြီး
ထွက်သွားတယ်။
 အဲဒီအချိန်ကနေ ငိုယိုပြီးတော့ အလုပ်လဲမလုပ်တော ဘူး။ နောက်ကြာလာတဲ့
အချိန်မှာ အဲဒီမှာ သန့်ရှင်းရေး လုပ်နေတဲ့ အင်ဒိုနီးရှား အမျိုးသမီး အကူအညီနဲ့
ဆက် သွယ်ပြီးတော့ ရဲထောက်လှမ်း ရေးတပ်ဖွဲ့နဲ့ စက်တင်ဘာ ၂ရက်နေ့က
သွားထုတ်နိုင်ခဲ့ပါတယ်” ဟုဆိုသည်။

ထိုမှတဆင့် အမှုစစ်ဆေးရန် မလေးရှား တနာနီသာမှာရှိတဲ့ မူခင်းစစ်ဆေးရေး ဌာန၌
 ၃ပတ်ခန့် ထားခဲ့ပြီးမှ စက်တင်ဘာ ၂၁ရက်နေ့က မလေးရှားအခြေစိုက် မလေးရှား
ရခိုင်ဒုက္ခသည်များရုံး (arrc)သို့ယူ ဆောင်နိုင် ခဲ့သည်ဟု ဆိုသည်။

ပျောက်ဆုံးနေသော မတင်နုကို ယခုထိ မတွေ့ရှိသေးသည့်အတွက် အရေးယူနိုင်ရန်
မလေးရှားရှိ Tenaga nita အမျိုးသမီးစွန်းအင် မြှင့်တင်ရေးအဖွဲ့နှင့် ပူးပေါင်းကာ
ARRC တာဝန်ရှိသူတို့က ဆောက်ရွက်လျှက်ရှိနေသည်ဟု
သိရသည်။

မတင်နုနှင့် မပုမမှာ ရန်ကုန်ကနေ မလေးရှားသို့ ပွဲစားမှတဆင့် ရောင်းစားခံ
ရသည်မှာ ၁နှစ်ကျော်ကြာမြင့်နေ ပြီဖြစ်သော်လည်း  ARRCရုံးအဖွဲ့မှ လွန်ခဲ့သည့်
 သြဂတ်စ်လမှ စ၍ သူမတို့ လွှတ်မြောက်ရေးကို ဆောင်ရွက်နိုင်ခဲ့သည်
ဟု ဆိုသည်။

နိရဉ္စရာ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )