ရသေ့တောင်မြို့နယ်တွင် အိမ်ခြေ (၅)ဆောင်ခန့်ရှိသော ဆိတ်ကြီးနားကျေးရွာအား
ဘင်္ဂလီများက စက်တင်ဘာ (၅) ရက် ညနေ (၈)
နာရီခန့်တွင် မီးလာတိုက်သွားကြောင်း
သတင်းရရှိသည်။
" ဆိပ်ကြီးရွာကို မီးလာတိုက်တော့ ကျနော်တို့ ဦးဂါရွာက ရွာသားတွေ လိုက်သွားတယ်။
မီးတိုက်တဲ့ လူတွေကိုတော့ ဘယ်သူလဲဆိုတာ မသိလိုက်ဘူး။ ထွက်ပြေးသွားတယ်။ ကိုဌေးဖြူ အိမ်တစ်ဆောင်တော့ မီးလောင်သွားတယ်။ " ဟု ဦးဂါ ရွာမှ ရွားတစ်ဦးက ပြောသည်။
ဆိပ်ကြီးကျေးရွာမှာ ဦးဂါကျေးရွာနှင့် ဂူတောင်ကျေးရွာကြားတွင် တည်ရှိပြီး အနောက်ပြင်
ကုလားရွာနဲ့လည်း နီးစပ်ကြောင်း သိရသည်။
ဇွန်လ အရေးအခင်းအဖြစ် မီကာလာက ဆိပ်ကြီးနားကျေးရွာသားများမှာ မိမိတို့ကျေးရွာတွင်
နေထိုင်ကြသော် ဂူတောင်ကျေးရွာသားများ အသတ်ခံရပြီးနောက်ပိုင်း ရွာသားများမှာ နေ့ဘက်တွင် နေထိုင်ကာ မိမိတို့ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ပြီး ညဘက်တွင်
မအိပ်ဝံ့ သဖြင့် နီးစပ်ရာကျေးရွာများတွင် သွားအိပ်နေကြကြောင်း သိရသည်။
ဇူလိုင်လ (၁၉) ရက်နေ့ကလည်း အနောက်ပြင်မှ ဘင်္ဂလီများသည် ဂူတောင်ကျေးရွာ အောက်
ရွာတွင်ရှိသော အိမ်ခြေ (၆) ဆောင်ခန့်အား မီးလာတိုက်ရာ ဂူတောင်ရွာသားများက အနောက်ပြင်ရွာသို့ လိုက်သွားရာ ရခိုင်တိုင်းရင်းသား (၁၀)ဦး အသတ်ခံခဲ့ရခြင်း ဖြစ်သည်။
Arakan Times
5:38 PM
Admin

Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com