22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, September 5, 2012

မဲခေါင်မြစ်အတွင်း ခရီးသည်တင်စက်လှေနစ်မြုပ် အခါကျောင်းသူ/သား ၁၄ ဦးသေ

မဲခေါင်မြစ်အတွင်း ခရီးသည်တင်စက်လှေနစ်မြုပ်မှုကြောင့် အထူးဒေသ ၄ မိုင်းလား နယ်မြေမှ တရုတ်ပြည်သို့ ကျောင်းသွားတက်သည့် အခါကျောင်းသားလူငယ်ကလေးများ ၁၄ ဦးသေဆုံးကြောင်း နယ်စပ်သတင်းရပ်ကွက် က ဆိုပါသည်။
မဲခေါင်မြစ်အတွင်း နစ်မြုပ်သူများအား ကြိုးစားကယ်တင် နေစဉ် (ဓါတ်ပုံ-CNTV)
မဲခေါင်မြစ်အတွင်း နစ်မြုပ်သူများအား ကြိုးစားကယ်တင် နေစဉ် (ဓါတ်ပုံ-CNTV)

“မိုင်းလားဘက်ကနေ တရုတ်ပြည်ဘက် တက်သွားတဲ့လှေပေါ့။ တနင်္ဂနွေနေ့မွန်းတည့်မှာနစ်မြုပ်တာ။ လူသုံး ဆယ်လောက်ပါတယ်။ အဲဒီမနက်က ခေါက်တုန့်ခေါက်ပြန်ဘဲ။ အဲဒီအချိန်မှာရေကလဲကြီးပြီး ရေစီးကြမ်းတာ ကြောင့်မြုပ်တာပေါ့” - ဟု မိုင်းလားဒေသခံတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ ထိန်းချုပ်နယ်မြေအတွင်းရှိ ဖာလုံ - ဖာလိုင် အုပ်စုမှ တရုတ်နိုင်ငံယူနန် ပြည်နယ် ကွန်းလွေးမြို့သို့ တက်မည့် မဲခေါင်မြစ်အတွင်း ခရီးသည် ၃၀ ခန့်တင်ဆောင်သည့် စက်လှေနစ် အနက် ၂၂ ဦး နစ်မြုပ်သေဆုံး ခဲ့ခြင်းဖြစ်သည်ဟုဆို၏။

“သေဆုံးတဲ့လူတွေထဲမှာ ကလေးတွေများတယ်။ ကျနော်တို့ဘက်က အခါလူမျိုးလေးတွေပေါ့။ တရုတ်ပြည် ဘက် ခြမ်း မှာ ကျောင်းသွားတက်ကြတာလေ။ သောကြာညဆိုအိမ်ပြန်၊ တနင်္ဂနွေဆို ကျောင်းပြန်သွား အဲလို မျိုးပေါ့။ ပိတ်ရက်လဲဖြစ်တဲ့အလျောက် လူအသွားအလာများတယ်လေ။  အလောင်း ၂၂ လောင်းထဲမှာ ကလေး ၁၄ ယောက်ပါတယ်။ အချိန်မီကယ်တင်နိုင်တာ ၈ ယောက်ဘဲ   ။ အလောင်းပျောက်နေတာလဲရှိနိုင်သေး တယ်။ လူဦးရေက အတိအကျမသိဘူး”   ဟု ၎င်းကဆက်လက်ပြောပြသည်။

အဆိုပါနစ်မြုပ်သည့်စက်လှေတွင် ခရီးသည် ၅၀ ထက်မနည်းတင်ဆောင်သည်ဟု ပြောသူများလည်း ရှိသည်။

လှေနစ်မြုပ်မှုမတိုင်ခင် ၂ ရက်အလို ပြီးခဲ့သည့်ကြာသပတေးနေ့ကလည်း ကွန်းလွေးမြို့၌ ကူညီကယ် ဆယ်ရေး အဖွဲ့ဖွဲ့စည်း၍ စက်လှေကြီးများအသင်းနှင့်ပူးပေါင်းကာ နေ့စဉ်တက်ဆင်းသွားလာသည့် ခလေးငယ် ၂၀၀ ကျော် ၏ လုံခြုံရေးကိုတာဝန်ယူမည်ဟု တရုတ်သတင်းစာများကဖော်ပြထားသည်ဟု ဆိုပါသည်။

တနင်္ဂနွေနေ့ညပိုင်း၌လည်း  ကွန်းလွေးမှ နယ်စပ်လုံခြုံရေးတပ်ဖွဲ့က ကယ်ဆယ်ရေးအတွက် အယောက် ၅၀ ထပ်မံစေလွှတ်ကြောင်း၊ ကူညီကယ်ဆယ်နိုင်ခဲ့သော လူများအနက် ခလေးငယ်တယောက်မှမပါရှိကြောင်း၊ သေဆုံးသည့်ခလေးငယ်များ၏ မိသားစုများထံသို့လည်းသွားရောက်အားပေးခဲ့ကြောင်း ဧရာဝတီသတင်း ဌာနက ရေးသားသည်။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )