22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, September 1, 2012

ပြည်ပမီဒီယာများ မမှန်မကန်ထုတ်လွှင့်မှုများရှိနေ ဟု စစ်တွေရောက် အင်ဒိုနီးရှား ကြက်ခြေနီအကြီးအကဲ တစ်ဦး က အတည်ပြု ပြောကြား

 ပြည်ပမီဒီယာအချို့၏ မမှန်မကန်သတင်းထုတ်
 လွှင့်ခဲ့မှု ကြောင့် အင်ဒိုနီးရှား ပြည်သူများ
  စိုးရိမ်ခဲ့ရသော်လည်း  မြန်မာအစိုးရ၏
သမာသမတ်ကျကျ ဆောင်ရွက်ချက်များကို
နားလည်သဘောပေါက် ကျေးဇူးတင်မိကြောင်း

 ဘင်္ဂါလီဆူပူမှု ဒုက္ခသည်များအား အကူအညီပေးရန် စစ်တွေမြို့သို့ ယနေ့ရောက်ရှိသည့်
အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီအဖွဲ့အကြီးအကဲ တစ်ဦးကရခိုင်ပြည်နယ်ဝန်ကြီးတစ်ဦးအားပြောကြား
ခဲ့သည်ဟု ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီအဖွဲ့ သဘာဝဘေးအန္တယ်ကာကွယ်ရေးဌာန အကြီးအကဲ Mr. Arifin Muh Hadi ဦးဆောင်သော အဖွဲ့သည် ဒုက္ခသည်များအတွက် ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းရန် Air Madalay လေယာဉ်ဖြင့် ရခိုင်ပြည်နယ် ယနေ့ မနက် ကိုးနာရီ၌ စစ်တွေလေဆိပ်သို့ ရောက်ရှိပြီးနောက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေး နှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာ အောင်ကျော်မင်း အား စစ်တွေလေဆိပ် တွင်တွေ့ဆုံစဉ် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုသြဂုတ်လကုန်ပိုင်းအတွင်း အာသံပြည်နယ်ဒေသခံများနှင့် ဘင်္ဂါလီကျုးကျော်သူများအကြား အဓိကရုဏ်းများ အကြီးအကျယ်ဖြစ်ပွားခဲ့ရခြင်းသည် ပါကိစ္စတန်တွင် အခြစိုက်သော ၀က်ဘ်ဆိုဒ်များက မဟုတ်လုပ်ဇာတ်ခင်းကာ ပုံကြီးချဲ့လှုံ့ဆော်မှုများကြောင့် ဖြစ်ရသည်ဆိုကာ ၀က်ဘ်ဆိုဒ်ပေါင်း သုံးရာကျော်ကို အိန္ဒိယအစိုးရက ယခုလ နှောင်းပိုင်းတွင် ပိတ်ပစ်လိုက်ခဲ့သည်။

မြန်မာပြည်တွင် မူဆလင်များကို မျိုးတုံးသတ်ဖြတ်နေပါသည်ဟု ဖေါ်ပြထားသော ဓါတ်ပုံများမှာ လီဆယ် လုပ်ကြံထားခြင်းသာဖြစ်ကြောင်း အင်တာနက်ဝက်ဘ်ဆိုဒ်ပိုင်းဆိုင်ရာကျွမ်းကျင်သူ Faraz Ahmed က ပါကိစ္စတန်တွင် ထုတ်ဝေသော The Express Tribune သတင်းစာတွင် မူရင်းဓါတ်ပုံများနှင့် လုပ်ကြံဓါတ်ပုံများ ကို နှိုင်းယှဉ်ဖေါ်ပြကာ ဖေါ်ထုတ်ခဲ့သည်။

ထိုလုပ်ကြံပုံကြီးချဲ့ သတင်းများကြောင့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီး၊ ယခုလ (၁၀)ရက် သောကြာနေ့က ဆူလာဝေဆီတောင်ပိုင်းရှိ အင်ဒိုနီးရှား အစ္စလမ် ဘာသာဝင်အချို့က ဗလီဝတ်တက်ပြီးနောက် မြန်မာနိုင်ငံတွင် ဘင်္ဂါလီရိုဟင်ဂျာများကို သတ်ဖြတ်ခံသည် ဆိုသည်ကို ကန့်ကွက်ဆန္ဒပြရင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းနှစ်ကျောင်းကို ခဲများဖြင့်ပစ်ပေါက် ဖျက်ဆီးခဲ့ကြသေးသည်။

Coral Arakan News Agency
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )