22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, September 23, 2012

နာမည်ကြီး သတင်းသမား သောမတ်စ်ဖူလာ မုံရွာမှာ ယာယီ ထိမ်းသိမ်း တားမြစ်ခံရ



International Herald Tribune ရဲ့ နံ
မည်ကြီး သတင်းသမား သောမတ်စ်ဖူ
လာနဲ့သူ့ရဲ့ ဓာတ်ပုံသမား တဦးတို့ဟာ
 မုံရွာ မြို့က အပြန် မြို့အထွက် ဂိတ်မှာ

 ဒီကနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ အာဏာပိုင်တွေက တားမြစ်ကာ
 ယာယီထိမ်းသိမ်းတာ ခံလိုက်တယ်လို့ မုံရွာ ပွင့်လင်း လူ့အဖွဲ့ အစည်းက
 ဧရာဝတီကို ပြောပါတယ်။

"သူတို့ကို မုံရွာ Toll Gate မှာ တားလိုက်တာ" လို့ မုံရွာမြို့ ပွင့်လင်းလူ့အဖွဲ့
အစည်းက သူ တဦးက ပြောပါ တယ်။

သူ့ရဲ့ စကားပြန်ကိုလည်း အာဏာပိုင်တွေက ခြိမ်းခြောက်ခဲ့ပါတယ်တဲ့။  နောက်
သူတို့ကို တားမြစ်ပြီး တဲ့နောက် သောမတ်စ်ဖူလာနဲ့ သူ့ရဲ့ ဓာတ်ပုံသမားတို့ဟာ
မန္တလေးကို ပြန်လည် ထွက်ခွာသွားခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

 မစ္စတာ သောမတ်စ် ဖူလာ ဟာ ဘယ်တုန်းက မြန်မာနိုင်ငံကို ပြည်ဝင်ခွင့် ဗီဇာ
ရခဲ့ပြီးဘယ်နေ့က  ရောက် နေတယ် ဆိုတာ သေချာ မသိ ရသေးပေမယ့်
 မနေ့က မုံရွာမြို့ကို ရောက်လာခဲ့ပြီး ၀က်မှေးရွာကိုလည်း သွားခဲ့တဲ့အကြောင်း၊ေ
ဒသခံ တချို့နဲ့လည်း အင်တာဗျူးတွေ လုပ်ခဲ့တဲ့အကြောင်း မုံရွာ ပွင့်လင်း
လူ့အဖွဲ့ အစည်းက ဆိုပါတယ်။



သူတို့ဟာ မုံရွာမြို့က ကြေးနီစီမံကိန်းကြောင့် ဆန္ဒပြမှုတွေ ဖြစ်ခဲ့တာနဲ့ စီမံကိန်း
နယ်မြေတွေမှာ သဘာဝ ပတ်ဝန်းကျင်ဆိုင် ရာ တွေကို မှတ်တမ်းဓာတ်ပုံ ရိုက်ရန်နဲ့
သတင်းဆောင်းပါး ရေးဖို့ လာတာလို့ သိရပါ တယ်။ ဧရာဝတီက သောမတ်စ်ဖူလာ
နဲ့ အဆက်အသွယ်ရဖို့ ကြိုးစားနေပေမယ့် မရသေးပါဘူး။

သောမတ်စ်ဖူလာဟာ အခုအခါမှာ အဆိုပါ သတင်းမီဒီယာကြီးအတွက်
အရှေ့တောင်အာရှ ရေးရာ သတင်းထောက်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မှာ
အခြေစိုက်ကာ တာဝန်ထမ်းဆောင်နေတယ်လို့ ဆိုပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ကမ္ဘာကျော် International Herald Tribune ရဲ့ Global
 edition of New York Time က သတင်း တပုဒ်မှာ ဦးတင့်ဆွေနဲ့ သတင်းဆောင်း
ပါးရှင် သောမတ်စ်ဖူလာ ဟာ အင်တာဗျူးလုပ်ပြီး ဓာတ်ပုံနဲ့ တကွ  စက်တင်ဘာလ
 ၂၁ ရက်နေ့က သတင်း ဆောင်းပါး တပုဒ် ရေးသားထားပါတယ်။



 မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၄၈ နှစ်ကျော် စာအုပ်၊ စာပေတွေကို ဆင်ဆာ
 ဖြတ်တောက်ခဲ့သည့် စာပေ ကင်ပေတိုင်လို့ လူသိ များတဲ့ စာပေစိစစ်ရေး
ဆိုတဲ့အဖွဲ့ကြီးကို ဖျက်သိမ်းလိုက်တာ မကြာသေးပါဘူး။

အခုတော့ ဆင်ဆာ ရုံး ဆိုတာ မရှိတော့လို့ ဦးတင့်ဆွေက ပိတ်နေတဲ့ အကြောင်း
 သောမတ်စ် ဖူလာ က ရေးထားတာပါ။ အခုအတိုင်းဆိုရင် သောမတ်စ်ဖူလာဟာ
ဆင်ဆာဘုတ် အကြောင်းရေးသားတင်ပြခဲ့လို့ သူကိုယ်တိုင်ပါ ဆင်ဆာ ထိ သွား
သလားဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။

စာပေစိစစ်ရေး အဖွဲ့ကြီး ဖျက်သိမ်း လိုက်ပြီး ဦးတင့်ဆွေကို ပြန်ကြားရေးနှင့် ပြည်သူ့
ဆက်ဆံရေး ဌာန ညွှန်ကြားရေးမှူးချုပ်   တာဝန် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ဒီကိစ္စကိုလည်း  စက်တင်ဘာလ ၁၈ ရက် နေ့က နိုင်ငံပိုင် သတင်းစာတွေ မှာ နို
င်ငံတော်ပြန်တမ်းထုတ် မှုမှာ ဖော်ပြထားပါတယ်။




(ဧရာဝတီ)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )