22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  
Monday, September 17, 2012
ဒေါ်စု အမေရိကန်နိုင်ငံ ရောက်ပြီးသမ္မတ ​ဘားရက်အိုဘားမားနဲ့ တွေ့ မည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က 
အမေရိကန်နိုင်ငံကို ​ရောက်ရှိနေပြီး  
အမေရိကန်သမ္မတ ​ဘားရက်
အိုဘားမားနဲ့ ​တွေ့ဆုံမယ်လို့ ​သိရပြီး ​မြန်မာနိုင်ငံတော်သမ္မတ ​ဦးသိန်းစိန်
ကလည်း ​အမေရိကန်နိုင်ငံကို ​သီးသန့်စီသွားရောက်ဖို့ရှိပေမယ့် ​အမေရိကန်
သမ္မတနဲ့ ​တွေ့ဆုံမူ ​ရှိမရှိဆိုတာတော့ ​မသိရသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ပထမဦးဆုံး ​ဖြစ်ခဲ့တဲ့ထိုင်းနိုင်ငံပြည်ပခရီးစဉ်တုန်းကလဲ
ဒေါ်အောင်ဆန်းစုကြည်သွားရောက်ချိန်နဲ့ ​တိုက်ဆိုင်ခဲ့တဲ့အတွက် ​သမ္မတက 
ထိုင်းခရီး ​စဉ်ကို ​ရက်ရွေ့ဆိုင်းခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေးစောင့်ကြည့်သူ ​ရီးချက် ​ဟော်ဆေ ​( ​Richard ​Horsey) ​က ​သမ္မတဦးသိန်းစိန်
အနေနဲ့ ​မြန်မာနိုင်ငံ ​ပြုပြင်ပြောင်းလဲရေး ​ဖြစ်ပေါ်လာအောင်ဆောင်ရွက်ခဲ့သူ ​အနေနဲ့ 
အသိအမှတ်ပြု ​သင့်သလောက် ​အသိအမှတ်ပြုမခံရတဲ့အကြောင်း၊
ဦးသိန်းစိန်နဲ့ ​မတွေ့ ​ဆုံဘူးဆို ​ရင် ​မသင့်တော်ဘူး ​လို့ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​၁၈ ​ရက်ကြာ ​အမေရိကန်နိုင်ငံကို ​လည်ပတ်ဖို့အတွက် ​မနေ့က 
ရန်ကုန်မြို့ကနေ ​ထွက်ခွာခဲ့ပြီး  ​ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ​အမေရိကန်သံအမတ် ​ဒဲရစ်
 ဒေါ်အောင်ဆန်းစုကြည်က ​အမေရိကန်နိုင်ငံမှာ ​အရပ်သားတွေကိုပေးအပ်တဲ့ 
အမြင့်ဆုံး ​ကွန်ဂရက် ​ရွှေတံဆိပ်ကိုလက်ခံ ​ရ ​ရှိမှာ ​ဖြစ်ပြီး ​ခရီးစဉ်အတွင်း ​အမေရိကန်ရောက် ​မြန်မာပြည်ဖွားတွေနဲ့လဲတွေ့ဆုံဖို့ ​ရှိတယ်လို့သိ ​ရပါတယ်။
မင်္ဂလာဒုံလေဆိပ်ကနေ ​ဒေါ်အောင်ဆန်းစုကြည် ​မထွက်ခွါခင်မှာ ​သတင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ ​အတူ ​NLD ​အဖွဲ့ ​ဝင် ​(၃)ဦးလိုက်ပါသွားတယ်လို့ 
သိရပါတယ်။
BBC (မြန်မာပိုင်း)
Print Friendly and PDFPrintPrint Friendly and PDFPDF
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com
Zawgyi Converter
Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter
ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )