22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, September 19, 2012

ချန်ပီယံလိဂ် သရဖူကို ကာကွယ်ရန် ခက်ခဲလွန်းကြောင်း ဒီမက်တီယို ဝန်ခံ

ချယ်လ်ဆီး အသင်း မန်နေဂျာ ရောဘတ်တို ဒီမက်တီယိုက ချန်ပီယံလိဂ် ဆုဖလားကို အောင်မြင်စွာ ကာကွယ်ရန် ဆိုသည်မှာ ခက်ခဲလွန်းသော စိန်ခေါ်မှု တစ်ခုဟု ဝန်ခံလိုက်သည်။


အီတလီသား မန်နေဂျာသည် ချယ်လ်ဆီးကို ယာယီ မန်နေဂျာ အဖြစ် ဦးဆောင်ရင်း ကလပ်အသင်း သမိုင်းတစ်လျှောက် ပထမဆုံး ဥရောပ ချန်ပီယံ ဘွဲ့ကို ရယူပေးခဲ့သည်။ သို့သော်လည်း ချန်ပီယံလိဂ်ဟု အမည်ပြောင်းလဲ ကျင်းပခဲ့သည့် ကာလတစ်လျှောက် (၂)ကြိမ်ဆက် ချန်ပီယံဖြစ်သည့် အသင်းမျိုး ထွက်ပေါ် မလာသော အစဉ်အလာ ဆိုးကို ရင်ဆိုင်ချေဖျက်ရန်မှာ မလွယ်ကူကြောင်း ဒီမက်တီယိုက သုံးသပ်ခဲ့သည်။ ချယ်လ်ဆီးသည် ချန်ပီယံဆု ကာကွယ်သည့် အဖွင့်ခြေလှမ်း အဖြစ် အီတလီ ချန်ပီယံ ဂျူဗင်းတပ်စ်ကို အုပ်စု အဖွင့်တွင် ရင်ဆိုင်ရမည် ဖြစ်သည်။
ဂျူဗင်းတပ်စ်နှင့် ရင်ဆိုင်ရမည့် ချယ်လ်ဆီး

ဒီမက်တီယိုက "ချန်ပီယံလိဂ်ဟာ ဘယ်အသင်းကိုမှ (၂)ကြိမ်ဆက် ဆွတ်ခူးနိုင်ဖို့ မဖြစ်နိုင်ကြောင်း သက်သေပြထားတဲ့ ခက်ခဲလွန်းတဲ့ ပြိုင်ပွဲပါ။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း အဲဒီ မဖြစ်နိုင်တာကို ဖြစ်လာအောင် ကြိုးစားကြမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ သဘောကိုက ပြင်းထန်ခက်ခဲတယ်။ ရာသီတိုင်း အသင်းသစ်၊ အသင်းကောင်းတွေ တိုးလာတယ်။ ဒီနှစ်ဆို PSGနဲ့ ဂျူဗင်းတပ်စ်တို့ ဆိုပါတော့။ ကျွန်တော်တို့ အုပ်စုမှာတင် သက်ဆိုင်ရာ နိုင်ငံအလိုက် ချန်ပီယံ (၃)သင်း ပါဝင်နေတာပါ"ဟု ဆိုသည်။

၎င်းက "မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ပြောဖူးပါတယ်။ ချန်ပီယံလိဂ်ကို (၂)ခါ၊ (၃)ခါလောက် ရဖူးမယ်ဆိုရင် ကိုယ့်အသင်းဟာ ခမ်းနားတဲ့ အသင်းတစ်ခု အဖြစ် အမှတ်ရခြင်း ခံနေရမယ်တဲ့။ တကယ်တော့ ဒီလို သတိရ ခံနေရဖို့ ဘယ်နှခါလောက် ချန်ပီယံ ဖြစ်ရမယ် ဆိုတာ ကျွန်တော် မသေချာပါဘူး။ ဒါပေမဲ့ ဆာအဲလက်စ် ပြောတဲ့ စကားကိုတော့ သဘောကျပါတယ်" ဟုလည်း ပြောကြားသွားသည်။
ချန်ပီယံလိဂ်ဟာ ဘယ်အသင်းကိုမှ (၂)ကြိမ်ဆက် ဆွတ်ခူးနိုင်ဖို့ မဖြစ်နိုင်ကြောင်း သက်သေပြထားတဲ့ ခက်ခဲလွန်းတဲ့ ပြိုင်ပွဲပါ။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း အဲဒီ မဖြစ်နိုင်တာကို ဖြစ်လာအောင် ကြိုးစားကြမှာ ဖြစ်ပါတယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )