22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, September 24, 2012

 တောင်ငူမြို့တွင် ရထားလမ်းဖြတ်ကူးသော မှန်လုံယာဉ်နှင့် အမှတ် ၅ အဆန်အမြန်ရထား တိုက်မှုဖြစ်ပွား


တောင်ငူမြို့ စက်တင်ဘာ ၂၂ ရက်နေ့ ည
 ၁၀ နာရီအချိန်ခန့်တွင် ရန်ကုန်မှ ညနေ ၃
နာရီတွင် စတင်ထွက်ခွာသောအမှတ် ၅
အဆန် အမြန်ရထားနှင့် လွိုင်ကော်မှ
 ရန်ကုန်သို့ ထွက်ခွာ

လာသော ခရီးသည်တင် မှန်လုံအမြန်ယာဉ်တို့ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း
သိရှိရသည်။

ဖြစ်စဉ်မှာ လွိုင်ကော်မှ ရန်ကုန်သို့ ထွက်ခွာလာသော ယာဉ်မောင်းသော ရယ်လွှီစီး၊(ဘ)ဦးဟယ်ရယ် အသက် ၄၂ နှစ်(ကယားလူမျိုး) မောင်းနှင်လာသော ခရီးသည် ၄၂ ဦးပါ ယာဉ်အမှတ်  ၆(ဂ) ၅၅၉၂ ရွှေရာဇာ နီညိုရောင် ခရီးသည်တင် မှန်လုံအမြန်ယာဉ်သည် ပြည်ထောင်စု အမြန်လမ်းမကြီးမှ တောင်ငူမြို့တွင်း လွိုင်ကော်ဂိတ်သို့ ၀င်ရောက်ပြီး ပြည်ထောင်စု အမြန်လမ်းမပေါ်သို့ ပြန်တက်ရန် ထွက်ခွာလာစဉ် တောင်ငူမြို့ မြောက်ဘက်အထွက်ရှိ ပေါ်တော်မူ မီးရထားသံလမ်းဂိတ်တွင် တောင်ငူဘူတာကြီးမှ မန္တလေးဘက်သို့ ဆက်လက်ထွက်ခွာလာသော အမှတ် ၅ အဆန်
 အမြန်ရထားနှင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။

 ထိုသို့ ဖြစ်ပွားရာတွင် မီးရထားခေါင်းမှာ မှန်လုံယာဉ်၏ ခါးလယ်ကိုတိုက်ကာ ချိတ်လျှက်
 မီးရထားတွဲ ၈ တွဲအရှည်ရှိ ပေ ၄၀၀ ခန့်အထိ ဒရွတ်တိုက်အနေအထားဖြင့်
 ပါသွားခဲ့သည်။

မှန်လုံယာဉ်၏ ကိုယ်ထည်ဝဲဘက်တစ်ခြမ်းလုံး ရထားခေါင်းစိုက်ဝင် ပျက်စီးသွားပြီး
 ရထားတွဲများလည်း လမ်းချော်ကျသွားခဲ့ကာ ရထားသံလမ်းများလည်း ပျက်စီး
သွားခဲ့သော်လည်း ကားပေါ်တွင်ပါလာသော ခရီးသည်များအနက် ၆ ဦးသာ
 ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ) ခဲ့ပြီးကျန်လူများမှာ တစ်စုံတစ်ရာ ထိခိုက်ခြင်း
မရှိကြောင်း သိရှိရသည်။

"ကျွန်တော်က တစ်ဖက်ကဂိတ်တံခါးကိုပိတ်ပြီး ဒီဘက်ကဂိတ်တံခါးကို ပိတ်မယ်
လုပ်တော့ အဲဒီကားက အမြန်မောင်းလာတာ တွေ့ရတယ်၊ အဲဒါနဲ့ ကျွန်တော်လည်း
ရထားကိုတောင် မီးမခေါ်တော့ပဲ ကားဆီကိုပဲ ဓါတ်မီးနဲ့ လှမ်းထိုးပြီး
အချက်ပြသေးတယ်၊

ဒါပေမယ့် မရဘူးကျွန်တော်တံခါးပိတ်ချိန်တောင် မရလိုက်ဘူး ကားကမောင်းဝင်လာတာ
ကျွန်တော်လည်း လမ်းဘေးဘက်ကို အမြန်ခုန်ပြီး ရှောင်လိုက်ရတယ်"ဟု မီးရထားသံလမ်း ဂိတ်တာဝန်ကျသူမှ ပြောပါသည်။



ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်မောင်းသော ရယ်လွှီစီ(ဘ) ဦးဟယ်ရယ်၊ အသက်
၄၂ နှစ် လွိုင်ကော်မြို့နေသူအား တောင်ငူမြို့အမှတ် ၁ ရဲစခန်းမှ မီးရထားအက်ဥပဒေ
 (၁၂၉)၊(ပ) ၅၂၃/၂၀၁၂ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားနေသောမီးရထားနှင့် ကားအား ကရိန်းဖြင့်မတင်ဖယ်ရှားခြင်း
လမ်းပြုပြင်ခြင်းများကို ပြန်လည်ပြုပြင်ဆောင်ရွက်ကြရာ စက်တင်ဘာ ၂၃ ရက်နေ့
နံနက် ၇ နာရီ ၁၅ မိနစ်အချိန်တွင် ဖယ်ရှားရှင်းလင်းခဲ့ပြီး ရထားများ ပြန်လည်သွား
လာခွင့်ရပြီဖြစ်ကြောင်း သိရှိရသည်။

Eleven Media Group
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )