22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, September 7, 2012

ဆေးဝန်ထမ်း၏အသက်ကိုကယ်တင်ရန် မိုင် ၂၀ဝ၀ ခရီးကို ဗြိတိန်စစ်သင်္ဘော ခုတ်မောင်း


 

ဗြိတိသျှတော်ဝင် ရေတပ်မှ စစ်သင်္ဘော တစ်စင်းသည် ဝေးလံ သီခေါင် လှသည့် ကျွန်းလေး တစ်ခုပေါ်မှ အရေးပေါ် အကူအညီတောင်း ခံမှုကြောင့်မိုင်(၂၀ဝ၀)ခရီးကို အလျင်စလို ခုတ်မောင်း ခဲ့ရကြောင်း သိရသည်။
ထရစ္စတန်ဒါကွန်ဟာကျွန်းလေးသည် လူဦးရေ(၂၇၀)မျှ သာရှိပြီးゞင်းတို့အားကိုးအားထားပြုနေရသည့် ဆေးဝန်ထမ်းမှာလည်း နာမကျန်းဖြစ်နေသည်။ထို့အပြင်ကျွန်းပေါ်တွင်ရှိနေသူ အားလုံး၏ ထက်ဝက်မျှသည်ချောင်းဆိုးပန်းနာဝေဒနာစွဲကပ်နေသဖြင့် ဆေးဘက် ဆိုင်ရာအကူအညီပေးရန် ပန်ကြားခဲ့ရာ HMS Dauntless သင်္ဘောက ယခုလိုခရီးပြင်းနှင်ခဲ့ခြင်းဖြစ်သည်။
တောင်အာဖရိကမှထွက်ခွာ သွား သောသင်္ဘောသည်မုန်တိုင်းထန်နေသော လောရာစပီရာကို ရဟတ် ယာဉ်ဖြင့်ပို့ဆောင်ပေးခဲ့သည်။ သူမသည် နှလုံး ဖောက်ပြန်မှုဝေဒနာ ခံစားနေရသည့်ဆေးဝန်ထမ်းကို ရဟတ်ယာဉ် ပေါ်ပြန်တင်ပေးလိုက်ပြီး နောက်ကယ်ဆယ်ရေး Mission ကိုစတင်ခဲ့ကြောင်းသိရသည်။
ဗြိတိန် ပိုင်ဖြစ်သော ထရစ္စတန်ဒါကွန်ဟာ ကျွန်းလေးသည်အာဖရိက အနောက်ဘက်ကမ်းလွန်တွင်တည်ရှိပြီး သီခေါင်လွန်းလှသဖြင့် ကျွန်းပေါ်တွင်ပထမဆုံးရုပ်မြင်သံကြားအစီအစဉ်ကို၂၀ဝ၁ခုနှစ်မှ ထုတ် လွှင့်နိုင်ခဲ့သည်။ 
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )