22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, September 21, 2012

ဘယ်နေရာမှာပဲဖြစ်ဖြစ် အကောင်းအဆိုး ကတော့ ဒွန်တွဲနေပါတယ် သက်မွန်မြင့်

 
အနုပညာ လောကထဲမှာ အောင်မြင်မှုနဲ့ အတူ ထိပ်တန်း ရောက်လာတဲ့ သရုပ်ဆောင် သက်မွန်မြင့်ရဲ့ အောင်မြင်မှု ကိုယ်ပိုင်ဒဿန အချို့ကတော့ “အောင်မြင်မှု ဆိုတာနဲ့ ပတ်သက်ပြီး သက်မွန်သိပ်ပြီးတော့ တွေးမထားပါဘူး။ သက်မွန် အဓိက တွေးထားတာကတော့ ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ကိုပဲ တွေးထားတယ်။
အောင်မြင်မှုရတယ်၊ မရဘူး၊ နေရာရတယ်၊ မရဘူးဆိုတာက ကံတရားပေါ့နော်။ အဓိက ကိုယ်လုပ်တဲ့ အလုပ်ကို အကောင်းဆုံးဖြစ်ဖို့ တွေးထားတယ်။ အဲဒီအပေါ်မှာမှ ပရိသတ်ကပေးတဲ့ နေရာပေါ့နော်။ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ကိုယ်ရဲ့ ကာရိုက်တာဇာတ်ကောင် ပီပြင်နိုင်ဖို့ပါပဲ။ သက်မွန်က ဒီသရုပ်ဆောင်အလုပ်ကို တန်ဖိုးရှိတယ်လို့ထင်တယ်။
ဒီအလုပ်လုပ်ဖို့ဆိုတာ မလွယ်ဘူးလို့ ပြောရင်ရတာပေါ့နော်။ ဒါပေမယ့် လိုက်လုပ်နိုင်တယ်၊ လိုက်မလုပ်နိုင်ဘူးဆိုတာက ကိုယ့်အပေါ်မှာပဲ မူတည်တယ်လေ။ နောက်ဆုံး ကိုယ်အရမ်းတော်နေရင်တောင်မှ ပရိသတ်က ကိုယ့်ကိုမချစ်ဘူး။ အားမပေးဘူး။ လက်မခံဘူးဆိုရင် မလွယ်ဘူးပေါ့နော်။ ရေရှည်ရပ်တည်ဖို့ မဖြစ်နိုင်ပါဘူး။
အဲဒီလို ခက်ခဲပြီးတော့ လေးနက်တဲ့ အလုပ်တစ်ခု ဖြစ်တဲ့အတွက် သက်မွန်အရမ်း တန်ဖိုးထားပါတယ်။ အဲဒီမှာမှ သက်မွန်ကိုချစ်ပြီး အားပေးကြတယ်ဆိုတော့ ရင်ထဲမှာလည်း အရမ်း ကျေနပ်ပီတိဖြစ်မိပါတယ်” တစ်ခါတရံ အဆင်မပြေတာလေးတွေနဲ့ ကြုံရတဲ့အခါမှာလည်း ဘယ်အလုပ်ပဲဖြစ်ဖြစ် အကောင်းနဲ့ အဆိုးကတော့ ရှိမှာပဲလေဆိုပြီး တွေးလိုက်တယ်။ အနုပညာလောကမှာမှ မဟုတ်ပါဘူး။
ဘယ်လောကမှာမဆို အကောင်းအဆိုးကတော့ ဒွန်တွဲမှာပဲဖြစ်တဲ့အတွက် အကောင်းကြီးလည်း မျှော်လင့်မထားသလို အဆိုးကြီးလည်း ကြုံလာမှာ မဟုတ်တဲ့အတွက် ကြုံလာတဲ့အချိန်မှာ ကိုယ်ဘယ်လို ရင်ဆိုင်ရမလဲ၊ ကိုယ်ဘယ်လို ဖြေရှင်းရမလဲဆိုတာ အဓိကကျတာပေါ့နော်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )