ပြီးခဲ့သည့် လပိုင်းအတွင်း ရှယ်ယာတန်ဖိုးငွေ တစ်စတစ်စ ကျဆင်းလာခဲ့ကာ လက်ရှိအချိန်၌ ရှယ်ယာတန်ဖိုး၏ ထက်ဝက်အောက် ရောက်ရှိခဲ့သော Facebook အနေဖြင့် ကြော်ငြာရှင်များအား ဆွဲဆောင်နိုင်သည့် ဝန်ဆောင်မှုမျိုးကို အရေးတကြီး ပြုလုပ်ရန် လိုအပ်လာခဲ့ခြင်းကြောင့် ယခုဝန်ဆောင်မှုကို စတင်ပေးလိုက်ခြင်း ဖြစ်ကြောင်း ကုမ္ပဏီ၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဆိုသည်။
ထိုသို့ ပြုလုပ်ပေးရာ၌ ကုမ္ပဏီတစ်ခုခု၏ ဝန်ဆောင်မှုကို အသုံးပြုနေသည့် မည်သူ၏ လိပ်စာ၊ ဖုန်းနံပါတ်ကိုမဆို တိုက်ရိုက်အချက်အလက် ပေးပို့နိုင်ရန် ကူညီပေးသွားမည် ဖြစ်ပြီး သတင်းအချက်အလက် လုံခြုံရေးကိုလည်း အပြည့်အဝ တာဝန်ယူသွားမည် ဖြစ်သည်။ အခြားသတင်းတစ်ရပ်အရ ဒုတိယ လူသုံးအများဆုံး လူမှုကွန်ရက် Twitter အနေဖြင့်လည်း ကြော်ငြာသူများအတွက် ဝန်ဆောင်မှုသစ်တစ်ခုကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မတူညီကွဲပြားသည့် ကြော်ငြာကဏ္ဍပေါင်း ၃၅၀ တွင် မိမိကြော်ငြာလိုသည့် အမျိုးအစားကို ရွေးချယ်၍ ကြော်ငြာခွင့်ရှိအောင် ပြုလုပ်ပေးထားကြောင်း သိရသည်။
5:53 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com