22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, September 22, 2012

ဖမ်းဆီးခံထားရသော ရုရှားပန့်တေးဂီတ Pussy Riot ဝင်များကို လွှတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

ရုရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထား
ရသော Pussy Riot အမည်ရ ပန့်ရော့ခ်
တေးဂီတအဖွဲ့ဝင်များကိုလွတ်မြောက်
ခွင့်ပေးရန် ဒေါ်အောင်ဆန်းစုကြည်က
 မော်စကိုအစိုးရအား တိုက်တွန်းပြောဆို

လိုက်ကြောင်း NBC သတင်းဌာနကတင်ဆက်ဖော်ပြသွားသည်။

စက်တင်ဘာလ ၂၀ ရက်၊ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ မြို့ရှိ မြို့
တော်ခန်းမ တွင် Msnbc သတင်းဌာနကတင်ဆက်ပြီး Amnesty International 
 
 
ကကြီးမှူးကျင်းပကာ နာမည်ကျော်အမေရိကန်သတင်းစာဆရာမ Alex Wagner ကဦးဆောင်သည့် ဆွေးနွေးပြောဆိုပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ
အတိုင်း Pussy Riot အဖွဲ့ဝင်များကိုလွှတ်ပေးရန် တိုက်တွန်းပြော
ဆိုခြင်းဖြစ်သည်။

"လူသားတွေအနေနဲ့ သူတို့ဆိုချင်တဲ့သီချင်းကိုဘာအတွက်ကြောင့် မဆိုသင့်
ဘူးဆိုတာမျိုးတွေ မရှိဘူးလို့ကျွန်မထင်တယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ စကားပြောဆွေးနွေးခန်းတွင် ပြောကြားသည်။ 
 
ပန့်ရော့ခ်တေးဂီတအဖွဲ့ဖြစ်သည့် Pussy Riot မှအဖွဲ့ဝင်များသည် ရုရှားသမ္မတ 
 ဗလာဒီမာပူတင်(ယခင် ဝန်ကြီးချုပ်နှင့်သမ္မတ)အား လှောင်ပြောင်စော်ကားသည့် 
သီချင်းသီဆိုကာ သရုပ်ဖော်ပြခဲ့ခြင်းကြောင့် ကုန်ခဲ့သည့် သြဂုတ်လတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂ နှစ်ပြစ်ဒဏ်ကျခံနေရသည်။

ယခု မြို့တော်ခန်းမ၌ပြုလုပ်သော စကားပြောဆွေးနွေးခန်းတွင် ဖမ်းဆီးခံ
ထားရသော ယင်းတေးဂီတအဖွဲ့ဝင်သုံးဦးအနက်တစ်ဦးဖြစ်သော Nadia 
Tolokonnikova ၏ မိသားစုဝင်များက ဒေါ်အောင်ဆန်းစုကြည်ကို ပန်းစည်း
လက်ဆောင်ပေးအပ်ခဲ့သည်။ 
 
အဆိုပါတေးဂီတအဖွဲ့ကို ၂၀၁၁ ခုနှစ် သြဂုတ်လတွင် မော်စကို၌ စတင်ထူထောင်ခဲ့ပြီး
 ယင်းအဖွဲ့သည် ရုရှားနိုင်ငံရေးလောကနှင့်ပတ်သက်၍ လှောင်ပြောင်သရော်သော သီဆိုတင်ဆက်မှုများအား တမူထူးခြားသောပုံစံဖြင့်ပြုလုပ်ခဲ့သည်။
 
The Voice Weekly 
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )