ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် အရွယ်မရောက်
သည့် ၉နှစ်အရွယ်အမျိုးသမီးငယ် တဦး
အား အားဓမ္မပြုကျင့် သူ ၂ဦးကို
ယမန်နေ့က ရဲကဖမ်းဆီး ထိန်းသိမ်း
လိုက်သည်ဟု နိုင်ငံပိုင် သတင်း
တွင်ဖေါ်ပြသည်။
မုဒိမ်းမှုဖြင့် ဖမ်းခံထားသူ ၂ဦးမှာ ၇တန်းကျောင်းသား (Ruhul Amin)နှင့် ဆိုင်ရောင်းနေသူလူငယ် တဦးတို့ဖြစ်သည်ဟု ဆိုသည်။
“အောက်တိုဘာ ၇ရက်နေ့ တနင်္ဂနွေနေ့ ညနေ ၈နာရီမှာ အိမ်ပြင်ကိုထွက်တဲ့ အချိန်မှာ
ဒီလူငယ်၂ဦး က အနီးအနား ခြုံပုတ်တခုသို့ ဆွဲငင်သွားပြီး မုဒိမ်းပြုကျင့်ခဲ့တာ
ဖြစ်ပါတယ်” ဘာဒါရဲဌာနမှ AK Azad, sub-inspector ကဆိုသည်။
သူမ အိမ်ကိုရောက်သည့်အခါ မုဒိမ်ပြုကျင့်ခံရကြောင်း မိသားစုအား အသိပေး၍ ရဲဌာနသို့ သွား ရောက်အသိ ပေးခြင်းဖြစ်သည်။
မုဒိမ်းပြု ကျင့်ခံရ၍ အခြေအနေ ဆိုးဝါးခဲ့သော အဆိုပါ မိန်းကလေးငယ်ကို ယခုအခါ
Centre at Dhaka Medical College Hospital၌ ဆေးကုသမှု ခံယူနေ
သည်ဟု ဆိုသည်။
မုဒိမ်မှုနှင့် ပတ်သက်၍ ရဲဌာနမှ ဖမ်းဆီးထားသော လူငယ် ၂ဦးအား ပြုကျင့်ခံရသည့်
မိန်းကလေး မိသားစုဘက်မှ အမှုဖွင့်ထားသည်ဟု ဆိုသည်။
ဖမ်းဆီးခံ ထားရသော လူငယ် ၂ဦးဘက်မှ အဆိုပါ မှုခင်းကိစ္စနှင့် ပတ်သက်၍ ပါဝင်မှုမရှိကြောင်း ငြင်းဆိုခဲ့သည်ဟု ဆိုသည်။
ရွှေမြန်မာမီဒီယာဂရု

6:19 AM
Admin

 Posted in:  

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com