အဲသည့် ကုမ္ပဏီကမှ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရာမှာ လိုအပ်တဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ တည်ဆောက်မှုအပိုင်းတွေကို ဆောင်ရွက်ရမှာဖြစ်ပြီး ဓါတ်အားပုံမှန်ဖြစ်ဖို့ လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လျှပ်စစ်ဝန်ကြီးဌာနက တစ်မြို့နယ်ကို ကုမ္ပဏီတစ်ခုက တာဝန်ယူပြီး ဆောင်ရွက်ဖို့ ညွှန်ကြားချက် ပေးထားပေမယ့် မန္တလေးမြို့ အခြေအနေအရ အဲသည်လို ဆောင်ရွက်ရင် အခက်အခဲတွေ ရှိနိုင်တဲ့အတွက် စည်ပင်သာယာ နယ်နမိတ်အတွင်းက မြို့နယ်အားလုံးကို အများပိုင်ကုမ္ပဏီ တစ်ခုကိုပဲ ဆောင်ရွက်ခွင့်ပြုဖို့ လျှပ်စစ်ဝန်ကြီးဌာနနဲ့ ပြန်လည်ညှိနှိုင်းထားတယ်လို့ ဝန်ကြီးက ပြောပါတယ်။
ချမ်းမြသာစည်မြို့နယ် အတွင်းမှာက လျှပ်စစ်ဓါတ်အား ဖြန့် ဖြူးရေးလုပ်ငန်း၊ ဓါတ်အားခ ကောက်ခံရေး လုပ်ငန်းတွေကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက စမ်းသပ်ဆောင်ရွက်နေပြီ ဖြစ်ပြီး အဲသည်ကုမ္ပဏီဟာ လက်ရှိအချိန်ထိ အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းထားတာ မဟုတ်သေးဘူးလို့ ချမ်းမြသာစည်မြို့နယ်က အစိုးရ အသိအမှတ်ပြု လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးကောက်ခံရေး လုပ်ငန်းကို ပုဂ္ဂလိကကို လွှဲပြောင်းမှာဖြစ်ပေမယ့် လျှပ်စစ်ဓါတ်အားခ နှုန်းထားကတော့ အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ်က ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။
![]()  | 
| ပြီးခဲ့တဲ့ မေလ အတွင်းက မန္တလေးမြို့ မှာ လျှပ်စစ်မီး ရရှိရေး ဆန္ဒဖော်ထုတ်ခဲ့စဉ် | 
11:29 AM
Admin

 Posted in:  

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com