22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, October 6, 2012

အစွန်းရောက် မူဆလင် တရားဟောဆရာ အမေရိကန် လွှဲမည်

အကြမ်းဖက်သမားအဖြစ်စွပ်စွဲခံထားရတဲ့
Abu Hamza အပေါ်စွဲဆိုထားတဲ့ စွဲချက်တွေ
အတွက် အမှုရင်ဆိုင်ဖို့ သူ့ကို ဗြိတိန်နိုင်ငံ
ကနေ အမေရိကန်ကို လွှဲပြောင်းပေးတော့

မှာဖြစ်ပါတယ်၊ Abu Hamza ရဲ့ နောက်ဆုံး အယူခံကို
 ဗြိတိန် ဗဟိုတရားရုံးက သောကြာနေ့မှာ ပယ်ချလိုက်ပြီး Abu Hamza
နဲ့အတူ နောက်ထပ် အကြမ်းဖက်သမားအဖြစ် သံသယရှိသူ ၄ ယောက်ဟာ
 အမေရိကန်ပြည်ထောင်စုမှာ အမှုရင်ဆိုင်ဖို့ သွားနိုင်လောက်တဲ့ ကျန်းမာရေး
အခြေအနေရှိပါတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကျန်းမာရေးမကောင်းတာ နှစ်ပေါင်းကြာနေပြီဖြစ်တဲ့ Abu Hamza ကို
တကိုယ်လုံးကို ဓါတ်မှန်ရိုက်တဲ့ MRI scan မလုပ်ခင် အမေရိကန်လက်ကို
လွှဲပြောင်း မပေးသင့်ဘူးလို့ Abu Hamza ရဲ့ ရှေ့နေတွေက စောဒ
ကတက်နေကြပါတယ်။ အီဂျစ်နိုင်ငံမှာမွေးတဲ့ တရားဟောဆရာ
Abu Hamza ဟာ London မြို့က ဗလီကျောင်းတခုမှာ အစွန်းရောက်တ
ရားတွေ ဟောပြောပြီး အကြမ်းဖက်သမားတွေဖြစ်လာဖို့အလားအလာရှိ
သူတွေကို မွေးထုတ်ပေးနေတာလို့ထောက်လှမ်းရေးတာဝန်ရှိသူတွေက
 ပြောပါတယ်။

Oregon ပြည်နယ်မှာ အကြမ်းဖက်လေ့ကျင့်ရေးစခန်းတခုထောင်ဖို့ ကြိုးစားမှု၊
 ရေမန်နိုင်ငံမှာAl Qaeda တွေဓါးစာခံဖမ်းနိုင်အောင် ကူညီမှုတွေနဲ့ သူ့ကို
အမေရိကန်က အလိုရှိနေတာဖြစ်ပါတယ်။


VOA (မြန်မာပိုင်း)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )