22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, October 6, 2012

Miss International Beauty Pageant 2012 ပြိုင်ပွဲတွင် မြန်မာ အလှမယ် ပထမဆုံး အကြိမ် ပါဝင်ယှဉ်ပြိုင်မည်

လာမည့် အောင်တိုဘာလ ၂၁ ရက်နေ့တွင်
ဂျပန်နိုင်ငံ အိုကီနာဝါ၌ ကျင်းပမည့် Miss
 International Beauty Pageant 2012 ပြိုင်ပွဲ
တွင် မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ်အဖြစ်
ပါဝင် ယှဉ်ပြိုင်မည် ဖြစ်သည်။


အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အလှမယ် တောင်ကြီးသူ နန်းခင်ဇေယျာမှ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

ယခု Miss International Beauty Pageant 2012 ပြိုင်ပွဲကြီးမှာ ၅၂ ကြိမ်မြောက် ပွဲဖြစ်ပြီး
 မြန်မာအလှမယ် နန်းခင်ဇေယျာသည် Miss Myanmar International ဆုရှင်ဖြစ်
သည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံမှ ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် International Cultural Association မှ
 ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ယခုပြိုင်ပွဲတွင် နိုင်ငံပေါင်း ၅၀ ကျော်မှ အလှမယ်များ
ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။

“ကြိုတင်ပြင်ဆင်မှုမှာတော့ အားရမှု လုံးဝမရှိဘူး။ ဘာဖြစ်လို့လဲဆို တော့ ဒီပွဲ
အတွက် စက်တင်ဘာလ ၂ ရက်နေ့ကမှ စကမ်းလှမ်းတယ်။

ကျွန်မက စက်တင် ဘာလ ၁၀ ရက်ကနေ ၁၅ ရက်နေ့ထိ ဗီယက်နမ် မှာ
ကျင်းပတဲ့ International Travel Expo ကို သွားရတော့ ပြင်ဆင်ချိန်
သိပ်မကျန်တော့ဘူး”ဟု နန်းခင်ဇေယျာမှ ပြောကြောင်း Myanmar Times
သတင်းတွင် ဖော်ပြ ထားသည်။

၎င်းပြိုင်ပွဲတွင် အလှမယ် နန်းခင်ဇေယျာမှ မြန်မာ ၀တ်စုံများကိုလည်း
ဝတ်ဆင်မှာဖြစ်ပြီး ထိုထဲတွင် ကုန်းဘောင်ခေတ် ၀တ်စုံလည်းပါဝင်မည်ဖြစ်ကာ
ဝတ်စုံ ၇စုံ ၀တ်ဆင်မည်ဟု သိရသည်။

နန်းခင်ဇေယျာသည် အဆိုပါပြိုင်ပွဲအတွက် အောက်တိုဘာလ ၁ရက်နေ့တွင်
 မြန်မာနိုင်ငံမှ ထွက်ခွာ သွားပြီးဖြစ်ကြောင်းသိရသည်။

ယခုပြိုင်ပွဲတွင် ထူးခြားသည့် ဆုတခုမှာ Miss Internet ဆုဖြစ်ပြီး အဆိုပါဆု
အတွက် အွင်လိုင်းပေါ်တွင် မိမိကြိုက်နှစ်သက်သော သူကို ရွေးချယ် မဲပေးရ
မည်ဖြစ်ပြီး မဲအများဆုံးရသည့် အလှမယ်မှာ ၎င်းဆုကို ရရှိမည်ဟုသိရသည်။

နိရဉ္စရာ

 (Poll Link – http://poll.pollcode.com/u7r1ht )





Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )