22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, October 7, 2011

Ram ( Memory )ထပ်မထည့်ဘဲ လုပ်မယ်

မိမိမှာ ရှိတဲ့ RAM (memory) ကို ထပ်မစိုက်ပဲ တိုးချင်ရင် နည်းတစ်ခုပြောပြပါ့မယ်။ Hacking နည်းလမ်းတစ်ခုဖြစ်တဲ့ အတွက် အရမ်းတော့ save မဖြစ်ပါဘူး။ CPU ကို over clock တင်သလိုပါပဲ ။ software လိုင်စင်တွေရဲ့ စကားတိုင်းပြောရရင်တော့ သင့်ရဲ့ ကိုယ်ပိုင် စွန့်စားမှုသာဖြစ်ပါတယ် ။ :P

My Computer ကို R-Click လုပ်ပြီး properties ကိုသွားပါတယ်။ ပေါ်လာတဲ့ system properties က Advanced ကို click ပါတယ်။ Performance က Settings ကို click ပါတယ်။

Image Hosting by Picoodle.com


Performance Options မှ Advanced ကိုရွေးပြီး Programs နှစ်ခုကို check ပေး Virtual memory က Change ကို click ပါတယ် ။

Image Hosting by Picoodle.com

အောက်ပါအတိုင်း Virtual memory ပေါ်လာပါမယ်။ Initial size နဲ့ Maximum size က တန်ဖိုးနှစ်ခုကို ရေးမှတ်ထားလိုက်ပါ ။ တစ်ခုခု အဆင်မပြေတာ ရှိခဲ့ ရင် Default လုပ်နိုင်အောင်ပါ။

Image Hosting by Picoodle.com

Virtual Memory ဆိုသည်မှာ RAM က Hard disk memory ကို ငှားသုံး ခြင်းဖြစ်ပါတယ် ။ (ဥပမာ - Default Initial size = 1500 Mb(nearly 1.5Gb) , Hard Disk free space = 5 Gb ရှိတယ် ဆိုကြပါစို့ Initial size ကို 2000 Mb ( 2Gb ) တင်လိုက်ပါက Hard disk free space သည် 4.5 Gb ဖြစ်သွားပါလိမ့်မယ် ။ ( မည်သို့ပင် memory transfer လုပ်နိုင်သည် ဖြစ်စေ System Memory က ပဲ တစ်ကယ် လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ ) ကျနော့်မှာ Initial 1500 ရှိပြီးသား ဖြစ်လို့ 2000 လို့ပေးပြီး၊ Maximum ကို 3500 ပေးလိုက်ပါတယ် ။ ပြီးရင် Set ကို နိုပ်ပါတယ် ။

Image Hosting by Picoodle.com

ပြီးရင်တော့ OK ပေါ့ ။ Restart တောင်းလာပါလိမ့်မယ် ။ window ပြန်တက်လာ ရင်တော့ ခင်ဗျားစက် အရင်ထက်ပိုမြန် နေတာ တွေ့ရပါလိမ့်မယ် ။ CPU ရဲ့လုပ်ဆောင်နိုင်ရည်ကို ကြည့်ပြီး တင်သင့်ပါတယ်။ Memory များရင် စက်မြန်တယ် ဆိုပြီး memory အများကြီး စိုက်ပြီး CPU မလိုက်နိုင်လို့ ပိုလေး သွားတဲ့ စက်တွေ တွေ့ဘူးပါတယ်။ အားလုံး အဆင်ပြေကြပါစေ ။

ကို သံလုံငယ်ရဲ့ ပိုစ့်လေးပါ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )