ကြိုတင် ခန့်မှန်းထားသည့် အတိုင်း QPR အသင်းခေါင်းဆောင် ဂျိုယေးဘာတန်သည် FA၏ (၁၂)ပွဲပယ် ပြစ်ဒဏ် ချမှတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
ပြီးခဲ့သည့် ဘောလုံးရာသီ အပိတ်ပွဲစဉ် အဖြစ် မန်ချက်စတာ စီးတီးနှင့် အစ်တီဟတ်တွင် ယှဉ်ပြိုင်စဉ် အနီကတ် ထိခဲ့ပြီးနောက် ရမ်းကားခဲ့သော အသက်(၂၉)နှစ်ရှိ အင်္ဂလန် ကွင်းလယ်လူအား QPR အသင်း မန်နေဂျာ မာ့ခ်ဟုဂ်ျကလည်း အသင်း၏ (၂၅)ဦး စာရင်းမှ ဖယ်ထုတ်ရန် စီစဉ်နေကြောင်း သိရသည်။ ဘာတန်သည် မန်စီးတီး တိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်နှင့် ငြိခဲ့သည့်နောက် အနီကတ် ပြခံရပြီး ကွင်းထဲမှ မထွက်ခွာမီ ဆာဂျီယို အဂူရိုကို ရည်ရွယ်ချက်ရှိရှိ ရန်ပြုခဲ့သလို မန်စီးတီး အသင်းခေါင်းဆောင် ဗင်းဆင့် ကွမ်ပနီနှင့်ပါ ပြဿနာ တက်ခဲ့သည်။

QPR အသင်းပိုင်ရှင် တိုနီဖာနန်ဒက်ဇ်သည် ဘာတန်၏ ပြဿနာ ရှာမှုကို စိတ်ပျက်နေပြီး ပြီးခဲ့သည့် သီတင်းပတ် ကတည်းက အသင်းအတွင်း သီးခြားစစ်ဆေး စုံစမ်းမှုများ ပြုလုပ်ရန် အမိန့် ထုတ်ထားလိုက်သည်။ ယခုအခါ QPRအသင်း ဘုတ်အဖွဲ့တွင် ဘာတန်အား အပြီးတိုင် ထုတ်ပယ်ရေးကို ထည့်သွင်း ဆွေးနွေးမည်ဟုလည်း သတင်းများက ဆိုသည်။ ဘာတန်သည် လက်ရှိတွင် QPRနှင့် စာချုပ်သက်တမ်း (၃)နှစ် ကျန်သေးပြီး စာချုပ်၏ တန်ဖိုးသည် ပေါင်စတာလင် (၃)သန်းမျှ ရှိနေသည်။ ဘာတန်သည် ရာသီဝက် နီးပါးမျှ ပွဲပယ်ခံရမည် ဖြစ်ရာ ၎င်းကို ရောင်းထုတ်ရေးမှာလည်း ဇန်န၀ါရီ အပြောင်းအရွှေ့ ကာလ အထိ ဖြစ်နိုင်ဖွယ် မရှိကြောင်း သိရှိရသည်။
Ref: Daily Mail
ဘာတန်သည် မန်စီးတီး တိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်နှင့် ငြိခဲ့သည့်နောက် အနီကတ် ပြခံရပြီး ကွင်းထဲမှ မထွက်ခွာမီ ဆာဂျီယို အဂူရိုကို ရည်ရွယ်ချက်ရှိရှိ ရန်ပြုခဲ့...



9:18 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com