မန်ချက်စတာ စီးတီး အသင်းသည် အက်သလက်တီကို ဘီလ်ဘာအို ကွင်းလယ်လူ ဟာဗီ မာတီနက်ဇ်ကို ခေါ်ယူရန် ကြိုးပမ်းလာကြောင်း သိရှိရသည်။
အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံတို့သည် လိုင်လီ အသင်းမှ အီဒင်ဟာဇက်ကို ရရှိရေး ကြိုးပမ်းမှုတွင် အတန်ငယ် သွေးအေးလာဟန် ရှိသည့်နောက် စပိန် ကစားသမား မာတီနက်ဇ်အား ပေါင်စတာလင် (၂၅)သန်း ၀န်းကျင်ဖြင့် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ဖွယ် ရှိကြောင်း သတင်းများက ဆိုသည်။ မာတီနက်ဇ်သည် ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်သော်လည်း နည်းစနစ်ပိုင်း လိုအပ်ချက် အရ ဘီလ်ဘာအိုတွင် ခံစစ်သမား အဖြစ် အပီပြင်ဆုံး ကစားပြလျှက် ရှိနေသည်။ မန်စီးတီးသည် ဘာစီလိုနာနှင့် ဘီလ်ဘာအိုတို့ တွေ့ဆုံမည့် စပိန် ဘုရင့်ဖလား ဗိုလ်လုပွဲတွင် မာတီနက်ဇ်အား လေ့လာရန် ကင်းထောက်များ စေလွှတ်သွားမည် ဖြစ်သည်။

ဘီလ်ဘာအို ကွင်းလယ်လူ ဟာဗီ မာတီနက်ဇ်
အသက်(၂၃)နှစ်ရှိ မာတီနက်ဇ်ကို ဘီလ်ဘာအို အသင်းက ယူရိုသန်း(၃၀) ၀န်းကျင်မျှ ဈေးနှုန်း သတ်မှတ်ထားသည်။ ထိုငွေသားသည် ဗြိတိန်သုံးငွေ တန်ဖိုးအရ ပေါင်စတာလင် (၂၄)သန်း ၀န်းကျင်နှင့် ညီမျှသည်။ မာတီနက်ဇ်သည် ယမန်နှစ်က အသက်(၂၁)နှစ်အောက် ဥရောပ ဖလားကို ရရှိခဲ့သည့် စပိန် လူငယ် အသင်းတွင် အသင်းခေါင်းဆောင် အဖြစ် တာဝန် ယူခဲ့ ဖူးသေးသည်။ ၎င်းသည် (၂၀၁၀)ပြည့်နှစ်၊ ကမ္ဘာ့ဖလား ချန်ပီယံဆုရှင် စပိန်အသင်း အတွက်လည်း (၁)ပွဲ ပါဝင် ကစား ပေးခဲ့သည်။
ဘီလ်ဘာအိုသည် မာတီနက်ဇ် အသက်(၁၇)နှစ် အရွယ်ကတည်းက အိုစာဆူနာထံမှ ပေါင်စတာလင် (၄)သန်းမျှ အကုန် အကျခံ ခေါ်ယူခဲ့သည်။ ၎င်းသည် ဘီလ်ဘာအိုတွင် ပွဲပေါင်း (၂၀၀)ကျော် ကစားပြီး ပျမ်းမျှ (၆)ပွဲလျှင် (၁)ဂိုးနှုန်းမျှ သွင်းယူ ပေးခဲ့သည်။
Ref: Daily Mail
မာတီနက်ဇ်သည် ကွင်းလယ် ကစားသမား တစ်ဦးဖြစ်သော်လည်း နည်းစနစ်ပိုင်း လိုအပ်ချက် အရ ဘီလ်ဘာအိုတွင် ခံစစ်သမား အဖြစ် အပီပြင်ဆုံး ကစားပြလျှက် ရှိနေ...



9:19 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com