အက်စ်တန် ဗီလာ အသင်းသည် လီဗာပူးလ်နှင့် အပြိုင် ၀ီဂန်အသင်း မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်အား ကမ်းလှမ်းရန် စတင် လုပ်ဆောင် နေပြီဟု သိရှိရသည်။
စပိန်သား မာတီနက်ဇ်သည် ဘောလုံးရာသီ နှောင်းပိုင်း ကာလများတွင် တန်းဆင်းဇုန်မှ ၀ီဂန်ကို အံ့ဩလောက်ဖွယ် ခြေစွမ်းပြ ရုန်းကန်မှုမျိုး ထွက်ပေါ်လာအောင် လှုံ့ဆော် ဦးဆောင်ပြခဲ့သူ ဖြစ်သည်။ ၀ီဂန် အသင်းသည် မာတီနက်ဇ်၏ ဦးဆောင်မှု အောက်တွင် မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူးလ်နှင့် အာဆင်နယ်တို့ကို ပွဲစဉ် ဆက်တိုက်နီးပါး ချေမှုန်း ပြခဲ့သည်။ လီဗာပူးလ်သည် နာမည်ကျော် နည်းပြ အတော် များများကို မန်နေဂျာ ရာထူးအတွက် ချိတ်ဆက်မှု အဆင်မပြေ ဖြစ်ခဲ့သည့်နောက် ကင်နီဒဲလ်ဂလစ်ရှ် နေရာအတွက် မာတီနက်ဇ်ကို ချိန်ရွယ် လာခဲ့သည်။

သို့သော်လည်း အဲလက်စ် မက္ကလစ်ရှ်ကို ထုတ်ပယ်ပြီးကတည်းက မန်နေဂျာ လက်မဲ့ ဖြစ်နေသော ဗီလာသည်လည်း မာတီနက်ဇ်အား ပိုင်ဆိုင်ရေး အားပြိုင်မှုတွင် ပါဝင်လာပြီ ဖြစ်သည်။ အစောပိုင်းက မန်ချက်စတာ ယူနိုက်တက် လူငယ်အသင်း နည်းပြဟောင်း အိုလေဂန်နာ ဆိုးလ်ရှားကို ဗီလာက ဆက်သွယ်ခဲ့သေးသော်လည်း သဘောတူညီမှု မရခဲ့သည့်နောက် မာတီနက်ဇ်သည် အသင်း၏ ဦးစားပေး ပစ်မှတ် ဖြစ်လာသည်။ ဗီလာအသင်းသည် မိမိတို့အတွက် သင့်တော်သည်ဟု ယူဆရသော မန်နေဂျာ အသစ်အတွက် အခြားမည်သည့် အသင်းနှင့် မဆို ယှဉ်ပြိုင် သွားမည်ဟုလည်း ကြေညာချက် တစ်ခု ထုတ်ပြန် ထားခဲ့သည်။
Ref: Daily Mail
အိုလေဂန်နာ ဆိုးလ်ရှားကို ဗီလာက ဆက်သွယ်ခဲ့သေးသော်လည်း သဘောတူညီမှု မရခဲ့သည့်နောက် မာတီနက်ဇ်သည် အသင်း၏ ဦးစားပေး ပစ်မှတ် ဖြစ်လာ...



9:20 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com