22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, May 12, 2012

မန်ယူမှ ဘာဘာတော့ဗ် ထွက်ခွာ လိုနေကြောင်း အေးဂျင့် အတည်ပြု

မန်ချက်စတာ ယူနိုက်တက် အသင်းမှ ထွက်ခွာရန် ဒီမီတာ ဘာဘာတော့ဗ် အနေဖြင့် ဆန္ဒ ပြင်းပြနေကြောင်း ကစားသမား၏ အေးဂျင့်က ထုတ်ဖော် ပြောကြားလိုက်သည်။

ပွဲထွက် ကစားခွင့် ကာလရှည်ကြာ ဆုံးရှုံးကာ စိတ်ပျက်ဖွယ်ရာ ဘောလုံးရာသီ တစ်ခုကို ဖြတ်ကျော် ကုန်ဆုံး ခဲ့သည့်နောက် ဘူလ်ဂေးရီးယား တိုက်စစ်မှူးသည် အိုးလ်ထရက်ဖို့ဒ်ကို ကျောခိုင်းဖြစ်ဖွယ် ရှိနေကြောင်း အေးဂျင့်ဖြစ်သူ အီမီလ် ဒန့်ချက်ဗ်က ဆိုသည်။ မန်ယူ အသင်းသည် အသက်(၃၁)နှစ် ရှိပြီဖြစ်သော ကစားသမားအား ၎င်း၏ အသင်းဟောင်း တော့တင်ဟမ် ဟော့စပါးမှ လူကာမိုဒရစ်ကို ကမ်းလှမ်း ခေါ်ယူရာတွင် အလိုက်ပေးရန် အသုံးချဖွယ် ရှိနေကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။
မန်ယူမှ ထွက်ခွာ ချင်နေသည့် ဘာဘာတော့ဗ်

မန်ယူသည် မတ်လအတွင်းက ဘာဘာတော့ဗ်အား (၁)နှစ်သက်တမ်းတိုးခဲ့ပြီး ထိုအနေအထားကြောင့် ကစားသမား အနေဖြင့် အသင်းမှ ထွက်ခွာသည့် အခါ မန်ယူက ပြောင်းရွှေ့ကြေး တစ်ရပ် ရရှိလာမည် ဖြစ်သည်။ ဘာဘာတော့ဗ်၏ ဈေးနှုန်းသည် ပေါင်စတာလင် (၆)သန်းနှင့် (၈)သန်းကြား ဖြစ်လာနိုင်ပြီး ၎င်းကို ဘိုရပ်ရှား ဒေါ့တ်မန်နှင့် ဘိုင်ယန်မြူးနစ် အသင်းများက စိတ်ဝင်စား နေသည်။ ဒန့်ချက်ဗ်က "ဘာဘာတော့ဗ်ဟာ အသင်းပြောင်းဖြစ်ရင် အင်္ဂလန်က တခြား ကလပ် တစ်ခုမှာ မကစား ချင်တော့ပါဘူး။ သူက တခြားပြိုင်ပွဲ တစ်ခုမှာ တခြား စိန်ခေါ်မှုတွေကို လိုလား နေပါတယ်။ ဒီရာသီက သူ့အတွက် စိတ်ပျက်စရာတွေ ကြုံခဲ့တယ်။ ဘာဘာတော့ဗ်က ဘောလုံးကို အမြဲတမ်း ထိတွေ့ ကစားချင်နေတာပါ" ဟု ပြောကြားသွားသည်။

ဘာဘာတော့ဗ်သည် (၂၀၀၈)ခုနှစ်က မန်ယူ အသင်းသို့ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၃၀.၇၅)သန်းဖြင့် ရောက်ရှိ လာခဲ့သည်။ ၎င်းသည် ယမန်နှစ် ဘောလုံး ရာသီက ပွဲစဉ် အများအပြား၌ ပွဲထွက်ခွင့် မရ ခဲ့သော်လည်း ပရီးမီးယားလိဂ် ဂိုးသွင်း ဘုရင်အဖြစ် ရပ်တည်နိုင်ခဲ့သည်။
Ref: Goal
ဘာဘာတော့ဗ်ဟာ အသင်းပြောင်းဖြစ်ရင် အင်္ဂလန်က တခြားကလပ် တစ်ခုမှာ မကစားချင်တော့ပါဘူး။ သူက တခြားပြိုင်ပွဲ တစ်ခုမှာ တခြားစိန်ခေါ်မှုတွေကို လိုလားနေပါတယ်။ ဒီရာသီက သူ့အတွက် စိတ်ပျက်စရာတွေ ကြုံခဲ့တယ်။ ဘာဘာတော့ဗ်က ဘောလုံးကို အမြဲတမ်း ထိတွေ့ ကစားချင်နေတာပါ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )