အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက အသင်းခေါင်းဆောင် ရော်ဘင် ဗန်ပါစီကို ဆက်လက် ထိန်းသိမ်း ထားနိုင်ရန် မျှော်လင့် ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ပြင်သစ်သား မန်နေဂျာကြီးသည် အားထားရသော တိုက်စစ်မှူး ဗန်ပါစီအား စာချုပ်သက်တမ်း တိုးရန် ကြိုးစား နေရဆဲ ဖြစ်သည်။ နယ်သာလန် လက်ရွေးစင် ကစားသမားသည် အမ်းမရိတ်စ်တွင် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိတော့ပြီး ယခုအချိန်ထိ အသင်းနှင့် သက်တမ်းတိုးရေး ပြတ်ပြတ်သားသား ဆုံးဖြတ်ခြင်း မရှိသေးချေ။ ယခုရာသီတွင် ပရီးမီးယား လိဂ်၌ ဂိုးပေါင်း(၃၀) သွင်းယူထားသည့် ဗန်ပါစီ၏ အနာဂတ်နှင့် ပတ်သက်ပြီး အာဆင်နယ် ပရိသတ်များက စိုးရိမ်နေသော်လည်း ၀င်းဂါးက ဗန်ပါစီ အသင်းတွင် ဆက်ရှိမည်ဟု ယုံကြည်လျှက် ရှိသည်။
ဝင်းဂါးက "ကျွန်တော်ကတော့ ဒီကိစ္စမှာ အဖြေက Yes လို့ပဲ တွေးပါတယ်။ ဒါပေမဲ့ ဗန်ပါစီကို မေးချင်ရင်လည်း မေးကြည့်ကြပါ။ သူ့အပေါ်မှာ ဘယ်လို လွှမ်းမိုး သက်ရောက်မှုမျိုး ရှိသလဲ ဆိုတာတော့ ကျွန်တော် မသိဘူး။ နောက်တစ်ချက်က ကျွန်တော်တို့ အဲဒီအကြောင်း စူးစိုက် စဉ်းစားနေစရာ မလိုပါဘူး။ ဗန်ပါစီဟာ အသင်းနဲ့ စာချုပ်သက်တမ်း မကုန်သေးဘူးလေ" ဟု ပြောကြားခဲ့သည်။ ၀င်းဂါးသည် လာမည့် ရာသီတွင် တိုက်စစ်၌ ဗန်ပါစီနှင့် တွဲကစားရန် ဂျာမန် လက်ရွေးစင် လူးကက်စ် ပိုဒေါ့စကီးကို ၀ယ်ယူထားပြီး ဖြစ်သည်။ ၎င်းက ယခုနွေရာသီ ဈေးကွက်သည် အာဆင်နယ် အတွက် တိတ်တိတ် ဆိတ်ဆိတ်နှင့် ကြီးကြီးမားမား လှုပ်ရှားမည့် ကာလ ဖြစ်လာနိုင်ကြောင်းလည်း မှတ်ချက် ပြုခဲ့သည်။
"ကျွန်တော်တို့ဟာ ပိုဒေါ့စကီးလို ကစားသမားကောင်း တစ်ယောက်ကို ခေါ်ယူခဲ့ပြီးပြီ။ နောက်တစ်ချက်က ဂျက်ဝီလ်ရှိုင်းယားနဲ့ အဘူဒီယာဘီတို့ ပြန်ကစားနိုင်ရင် အသင်းအတွက် လူသစ် ခေါ်ယူသလို ဖြစ်လာမှာပါ။ သူတို့ နှစ်ယောက်လုံး အာဆင်နယ် အတွက် တစ်ရာသီလုံး မကစား ပေးနိုင်ခဲ့ဘူးလေ။ ကျွန်တော်တို့ အသင်းမှာ ကစားသမား အစုံအလင် ရေတွက်ကြည့်ရင် (၃၄)ယောက်တောင် ရှိနေတယ်။ ဒါက ကစားဖို့မလိုတဲ့ လူ(၉)ယောက်ကို လစာ ပေးထားသလိုပါပဲ" ဟုလည်း ၀င်းဂါးက ပြောကြားသွားသည်။
Ref: Daily Mail
ကျွန်တော်ကတော့ ဒီကိစ္စမှာ အဖြေက Yes လို့ပဲ တွေးပါတယ်။ ဒါပေမဲ့ ဗန်ပါစီကို မေးချင်ရင်လည်း မေးကြည့်ကြပါ။ သူ့အပေါ်မှာ ဘယ်လို လွှမ်းမိုး သက်ရောက်မှုမျိုး ရှိသလဲဆိုတာတော့ ကျွန်တော် မသိဘူး...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com