ဘာစီလိုနာ နည်းပြ အဖြစ်မှ နုတ်ထွက် ပြီးချိန်တွင် မည်သည့် အသင်းတွင်မျှ တာဝန်ယူ ကိုင်တွယ်ဦးမည် မဟုတ်ကြောင်း ဂျိုးဆက် ဂွာဒီယိုလာက အတည်ပြု ပြောကြားခဲ့သည်။
အသက်(၄၁)နှစ်ရှိ စပိန်သားသည် ဘာစီလိုနာအား (၄)နှစ်ကြာ ကိုင်တွယ်ကာ ဆုဖလား အများအပြား ရယူ ပေးခဲ့သည့်နောက် ရာသီကုန်တွင် အသင်းနှင့် လမ်းခွဲတော့မည် ဖြစ်သည်။ ဂွာဒီယိုလာက မိမိသည် ဘာစီလိုနာမှ နုတ်ထွက်ကာ အခြားအသင်း တစ်သင်းသို့ ကူးပြောင်းရန် မရည်ရွယ်သေးဘဲ အနည်းဆုံး (၁)နှစ်မျှ အနား ယူနေဦးမည်ဟု ပြောဆိုသွားသည်။ ၎င်းသည် ဘာစီလိုနာတွင် အမြဲတမ်း သက်တမ်းရှည် စာချုပ်လေ့ မရှိဘဲ (၁)နှစ်ချင်းစီသာ သက်တမ်း တိုးခဲ့သူ ဖြစ်သည်။
ဂွာဒီယိုလာက "ကျွန်တော် (၁)နှစ်လောက်တော့ အနား ယူဦးမယ်။ ကျွန်တော့်မှာ လောလောဆယ် ဘာအစီအစဉ်မှ မရှိသေးပါဘူး။ နည်းပြလည်း ပြန်မလုပ်ချင်သေးဘူး။ ကျွန်တော် တစ်နေ့နေ့ မှာတော့ တစ်ခုခုကို ရွေးချယ်ပါမယ်။ လောလောဆယ်တော့ အများကြီး မတွေးချင်သေးဘူး" ဟု ပြောကြားခဲ့သည်။ ၎င်းက ဘာစီလိုနာ လက်ထောက်နည်းပြ အဖြစ်မှ အမြဲတမ်း နည်းပြ ဖြစ်လာသော တီတိုဗီလာနိုဗာကိုလည်း ချီးကျူး ခဲ့သေးသည်။ "သူက လူတိုင်းအတွက် ကောင်းမွန်တဲ့ လမ်းပြမှုတွေ လုပ်ပေး တတ်သူပါ။ ဗီလာနိုဗာက အသင်းမှာ အကြာကြီး ဆက်ရှိဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူက ဘာစီလိုနာကို အကောင်းဆုံး ဦးဆောင်နိုင်မယ့်သူလို့ ကျွန်တော်ယုံတယ်။ ကျွန်တော့် နေရာကို ဗီလာနိုဗာနဲ့ အစားထိုးမယ် ဆိုတာ ကျွန်တော် နုတ်ထွက်မယ်လို့ ကြေညာတဲ့နေ့မှ သိရတာပါ။ သူ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်" ဟုလည်း ဂွာဒီယိုလာက ပြောဆိုသွားသည်။
Ref: Goal
ကျွန်တော် (၁)နှစ်လောက်တော့ အနားယူဦးမယ်။ ကျွန်တော့်မှာ လောလောဆယ် ဘာအစီအစဉ်မှ မရှိသေးပါဘူး။ နည်းပြလည်း ပြန်မလုပ်ချင်သေးဘူး။ ကျွန်တော် တစ်နေ့နေ့မှာတော့ တစ်ခုခုကို ရွေးချယ်ပါမယ်။ လောလောဆယ်တော့ အများကြီး မတွေးချင်သေးဘူး...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com