22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, May 12, 2012

အင်္ဂလန် ဘောလုံး လောကကို လွှမ်းမိုးနိုင်သော အသင်းမျိုး မန်စီးတီး ဖြစ်မလာစေရဟု ဖာဂူဆန်ဆို

 
မန်ချက်စတာ ယူနိုက်တက်၏ လက်ထဲမှ နေ၍ အင်္ဂလန် ဘောလုံး လောကကို လွှမ်းမိုးထားသော အသင်း ဆိုသော ဂုဏ်ပုဒ်ကို လက်လွှဲယူရန် မစဉ်းစားနှင့်ဟု မန်ချက်စတာ စီးတီးအား ဆာအဲလက်စ် ဖာဂူဆန် သတိ ပေးလိုက်သည်။

စကော့သား မန်နေဂျာကြီးက ယခုရာသီတွင် မန်စီးတီးသည် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူး သွားနိုင်လျှင်ပင် မိမိတို့ အသင်းသည် အင်္ဂလန်၏ ဩဇာ အကြီးမားဆုံး အောင်မြင်နေသည့် အသင်းအဖြစ် ဆက်ရှိနေမည်ဟု မန်ယူအသင်း မန်နေဂျာကြီးက ဆိုသည်။ အသက်(၇၀)အရွယ်ရှိ စကော့သား မန်နေဂျာကြီးက ယခင်က ချန်ပီယံ ဆုသည် မန်ယူလက်မှ ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ထံ ရောက်ရှိ ခဲ့ဖူးသော်လည်း မန်ယူကသာ အအောင်မြင်ဆုံး ဆက်ဖြစ်နေသကဲ့သို့ မိမိတို့သည် လာမည့် ရာသီများတွင် ပိုမိုအားကောင်း သန်မာသော အသင်းမျိုး ဖြစ်လာမည်ဟု ပြောဆိုသွားသည်။

မန်စီးတီးသည် ပရီးမီးယားလိဂ် ရာသီသိမ်းရန် တစ်ပွဲသာ လိုတော့ချိန်တွင် ချန်ပီယံဆုဖလားကို ပိုင်ဆိုင်နိုင်ရန် အနီးစပ်ဆုံး ဖြစ်နေသည်။ ဖာဂူဆန်က "ကျွန်တော် သေချာပေါက် ပြောနိုင်တာ တစ်ခုရှိတယ်။ မန်ယူဟာ ချန်ပီယံ ဆုအတွက် ရပ်တည် ကြိုးစားနေတဲ့ အသင်း အဖြစ်ကနေ ဘယ်တော့မှ လွှဲဖယ်သွားမှာ မဟုတ်ဘူး။ ဒါဟာ ကျွန်တော်တို့ ကြုံနေကျ နောက်ထပ် စိန်ခေါ်မှု တစ်ခု ဖြစ်လာပြီဆိုတာ ကျွန်တော်တို့ လက်ခံပါတယ်။ ဘာပဲဖြစ်ဖြစ် အသင်းမှာ ငယ်ရွယ်ပြီး တက်လမ်းရှိတဲ့ ကစားသမားလေးတွေ အများကြီး ပိုင်ဆိုင်ထားပြီး အသင်းအတွက် အကျိုးဖြစ်ထွန်းစေခဲ့တယ်။ မန်စီးတီးလည်း ငွေကြေးအင်အားကြောင့် ဆက်ပြီး တောင့်တင်းနေမှာပါ။ သူတို့ရဲ့ အားပြိုင်မှုကို ကျွန်တော်တို့ ရှေ့ဆက် ကြုံပေမယ့် အကောင်းဆုံး ကြိုးစားပြီး အောင်မြင်မှုတွေ ရယူသွားပါမယ်" ဟု ပြောကြားသွားသည်။
Ref: The Sun
ကျွန်တော် သေချာပေါက် ပြောနိုင်တာ တစ်ခုရှိတယ်။ မန်ယူဟာ ချန်ပီယံ ဆုအတွက် ရပ်တည် ကြိုးစားနေတဲ့ အသင်း အဖြစ်ကနေ ဘယ်တော့မှ လွှဲဖယ်သွားမှာ မဟုတ်ဘူး...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )