22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, May 12, 2012

စပါးနှင့် ပွဲတွင် ဒမ့်ဆေး လွဲချော်ပြီးနောက် ၎င်း၏ ဖူလ်ဟမ် ကစားသမား ဘ၀ ပြီးဆုံးသွားပြီဟု သတင်းများ ဖော်ပြ

ဖူလ်ဟမ် အသင်းအတွက် ကစား ပေးနေမှုမှာ ယခုအခါတွင် ကလင့်ဒမ့်ဆေး အတွက် ပြီးဆုံး သွားပြီဟု သတင်းများက ဖော်ပြခဲ့သည်။

အမေရိကန် လက်ရွေးစင် ကွင်းလယ် တိုက်စစ်သမားသည် ပေါင်ခြံ ဒဏ်ရာကြောင့် ပရီးမီးယားလိဂ် ရာသီသိမ်း ပွဲစဉ်အဖြစ် တော့တင်ဟမ် ဟော့စပါးနှင့် ကစားမည့် ပွဲစဉ်အား လွဲချော်ရန် သေချာသွားပြီ ဖြစ်သည်။ ဒမ့်ဆေးသည် ယခု ရာသီတွင် အကောင်းဆုံး ခြေစွမ်းကို ရရှိခဲ့ပြီး ပြိုင်ပွဲစုံ သွင်းဂိုး (၂၃)ဂိုး သွင်းယူခဲ့သည်။ လတ်တလောတွင် အာဆင်နယ်နှင့် လီဗာပူးလ်တို့က ဒမ့်ဆေးကို ချိတ်ဆက်နေသော်လည်း ကွက်ပျောက် အဖြစ် လှုပ်ရှားနေသည့် အဲဗာတန်က ၎င်းကို စာချုပ်နိုင်ရန် အလားအလာ အကောင်းဆုံးအဖြစ် သတင်းထွက်လျှက် ရှိနေသည်။
ပေါင်ခြံဒဏ်ရာ ရရှိထားသည့် ဒမ့်ဆေး

အသက်(၂၉)နှစ်ရှိ ဒမ့်ဆေးသည် ဖူလ်ဟမ်တွင် ကစားနေသည်မှာ (၅)နှစ်ရှိခဲ့ပြီ ဖြစ်သော်လည်း ယခုရာသီမှာ ၎င်းအတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်သည့် ကာလလည်း ဖြစ်လာသည်။ ၎င်းသည် တိုက်စစ်မှူး လူးဝစ်ဆာဟာ (၂၀၀၂-၀၃)ခုနှစ်က တင်ထားခဲ့သည့် ကလပ်၏ တစ်ရာသီအတွင်း ပရီးမီးယားလိဂ် သွင်းဂိုးစံချိန် (၁၃)ဂိုးကိုလည်း ချိုးဖျက်နိုင်ခဲ့သည်။ ၎င်းသည် လက်ရှိအချိန်တွင် ပရီးမီးယားလိဂ် သွင်းဂိုး (၁၇)ဂိုး ရရှိထားပြီး ရော်ဘင်ဗန်ပါစီ၊ ၀ိန်းရွန်နီ၊ ဆာဂျီယို အဂူရိုတို့ကဲ့သို့ တိုက်စစ်မှူးများနောက် စတုတ္ထမြောက် ဂိုးအများဆုံး သွင်းယူသူအဖြစ် ရပ်တည်နေသည်။

ထို့အပြင် ဒမ့်ဆေးသည် ပရီးမီးယားလိဂ်၏ ဂိုးသွင်း အများဆုံး အလယ်တန်း ကစားသမား အဖြစ် အခိုင်အမာ တည်ရှိနိုင်ခဲ့သည်။ ဒမ့်ဆေးသည် ဖူလ်ဟမ်နှင့် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့ပြီး အသင်းက (၂)နှစ် သက်တမ်းတိုးရန် ကမ်းလှမ်းခဲ့ခြင်းအား ငြင်းဆန်ကာ အသင်းပြောင်းရန် ရွေးချယ်ခဲ့သည်။
Ref: Daily Mail
အသက်(၂၉)နှစ်ရှိ ဒမ့်ဆေးသည် ဖူလ်ဟမ်တွင် ကစားနေသည်မှာ (၅)နှစ်ရှိခဲ့ပြီ ဖြစ်သော်လည်း ယခုရာသီမှာ ၎င်းအတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်သည့် ကာလလည်း ဖြစ်လာ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )