ရီးယဲလ်မက်ဒရစ် နည်းပြ ဟိုဆေး မော်ရင်ဟိုသည် ချယ်လ်ဆီး အသင်းမှ နောက်ခံလူ ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်အား ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၁၅)သန်းဖြင့် ခေါ်ယူနိုင်ရန် မျှော်လင့်နေကြောင်း သိရှိရသည်။
ပေါ်တူဂီ နည်းပြသည် ၎င်းကိုင်တွယ်ဖူးသည့် အသင်းဟောင်းမှ စွယ်စုံရ ခံစစ်မှူးအား မျက်စိ ကျနေပြီး နွေရာသီတွင် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်လာဖွယ် ရှိနေသည်။ မာကျော ကြံ့ခိုင်ပြီး နေရာစုံ ကစားနိုင်သော အိုင်ဗန်နိုဗစ်သည် နွေရာသီ ရီးယဲလ်အသင်း လူအင်အား ဖြည့်တင်းရေး စီမံကိန်း၌ မဟာဗျူဟာမြောက် ခေါ်ယူမှု တစ်ခု ဖြစ်လာနိုင်ကြောင်း သတင်းများက ဆိုသည်။ အိုင်ဗန်နိုဗစ်သည် ဘာစီလိုနာနှင့် ရင်ဆိုင်ရသည့် ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲတွင် ယခုရာသီ န၀မမြောက် အ၀ါကတ် ထိခဲ့သလို ဗိုလ်လုပွဲ ကစား ခွင့်နှင့်ပါ လွဲချော် ခဲ့သည့်တိုင် အကောင်းဆုံး ခြေစွမ်း ပြနိုင်ခဲ့သည်။

မော်ရင်ဟို မျက်စိကျနေသည့် အိုင်ဗန်နိုဗစ်
ဆာဘီးယား လက်ရွေးစင်အား ချယ်လ်ဆီး အသင်းမှပင် ခေါ်ယူ ထားခဲ့သူ ၀ါရင့် သမ္ဘာရင့် ခံစစ်မှူးကြီး ရီကာဒို ကာဗယ်လ်ဟို နေရာတွင် အစားထိုးရန် မော်ရင်ဟိုက ဆန္ဒ ရှိနေသည်။ ချယ်လ်ဆီးသည် အိုင်ဗန်နိုဗစ်အား ဈေးပေါပေါဖြင့် လက်လွှတ်ရန် စိတ်ကူး မရှိသော်လည်း အသက်(၂၈)နှစ် အရွယ် ကစားသမား အတွက် ပေါင်စတာလင် (၁၅)သန်းတန် ပြောင်းရွှေ့ကြေးကမူ ရီးယဲလ် အတွက် အလုပ် ဖြစ်လာနိုင်သည်။ ချယ်လ်ဆီးသည် အိုင်ဗန်နိုဗစ်အား (၂၀၀၈)ခုနှစ်က ပေါင်စတာလင် (၉.၇)သန်းဖြင့် လိုကိုမိုးတစ်ဗ် မော်စကိုထံမှ ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
Ref: Daily Mail
မာကျော ကြံ့ခိုင်ပြီး နေရာစုံ ကစားနိုင်သော အိုင်ဗန်နိုဗစ်သည် နွေရာသီ ရီးယဲလ်အသင်း လူအင်အား ဖြည့်တင်းရေး စီမံကိန်း၌ မဟာဗျူဟာမြောက် ခေါ်ယူမှု တစ်ခု ဖြစ်လာနိုင်...



12:54 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com