22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, May 12, 2012

ဘိုကာလူငယ် တိုက်စစ်မှူး အာရူဂျိုအား ဘာစီလိုနာ စိတ်ဝင်စားနေ

ဘာစီလိုနာ အသင်းသည် ဘိုကာဂျူနီယာ အသင်းမှ လူငယ် ကစားသမားလေး ဆာဂျီယို အာရူဂျိုကို ခေါ်ယူရန် စိတ်ဝင်စား နေကြောင်း သိရှိရသည်။

အာဂျင်တီးနား ကလပ် အသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဒန်နီရယ်လ် အန်ဂျီလီဆီက ဘာစီလိုနာသည် အလားအလာ ထူးချွန် တောက်ပသော လူငယ်လေးအား ခေါ်ယူရန် ကြိုးပမ်းနေကြောင်း အတည်ပြုခဲ့သည်။ အသက်(၂၀)အရွယ်ရှိ အာရူဂျိုသည် နူးကမ့် ကွင်းကြီးသို့ ရောက်လာနိုင်ကြောင်း (၂၀၁၁)ကတည်းက သတင်းများ ထွက်ပေါ် ခဲ့သော်လည်း လက်တွေ့နှင့် မနီးစပ်ခဲ့ချေ။ သို့သော်လည်း ဘာစီလိုနာသည် ပါရမီရှင် လူငယ် တိုက်စစ်မှူးလေးအား အစဉ်သဖြင့် အလေးအနက် စောင့်ကြည့် နေခဲ့ကြောင်း သိရှိရသည်။
ဘိုကာလူငယ် တိုက်စစ်မှူး အာရူဂျို

အသက်(၂၃)နှစ်အောက် အာဂျင်တီးနား လက်ရွေးစင် လူငယ်လေးအား ဘာစီလိုနာက ယခုတိုင် စိတ်ဝင် စားနေဆဲဟု အန်ဂျီလီဆီက အခိုင်အမာ ဆိုသည်။ "ဘာစီလိုနာက တောက်လျှောက် အာရူဂျိုကို စိတ်ဝင် စားခဲ့တာပါ။ ခုထိလည်း သူတို့က အာရူဂျိုဆီက အာရုံကို မလွှဲနိုင်သေးဘူး။ တကယ်တမ်း သူတို့ကသာ အာရူဂျိုကို လိုချင်တယ်ဆိုရင် ကမ်းလှမ်းမှု တစ်ခု လုပ်ပါလို့ ကျွန်တော့်ဘက်က ဖိတ်ခေါ်ပါတယ်" ဟု ဘိုကာအသင်း ဥက္ကဋ္ဌက Sportသို့ ပြောကြားသွားခဲ့သည်။

အာရူဂျိုသည် ဘိုကာအသင်း လူငယ် စီမံကိန်းမှ ထွက်ပေါ်လာသည့် အရည်အသွေးမြင့် ထုတ်ကုန် တစ်ခုဖြစ်ပြီး အသင်းအတွက် ပွဲဦးထွက်ကို (၂၀၀၉)ခုနှစ်၊ ဒီဇင်ဘာလက စတင် ကစားခဲ့သည်။
Ref: Goal
ဘာစီလိုနာက တောက်လျှောက် အာရူဂျိုကို စိတ်ဝင် စားခဲ့တာပါ။ ခုထိလည်း သူတို့က အာရူဂျိုဆီက အာရုံကို မလွှဲနိုင်သေးဘူး။ တကယ်တမ်း သူတို့ကသာ အာရူဂျိုကို လိုချင်တယ်ဆိုရင် ကမ်းလှမ်းမှု တစ်ခု လုပ်ပါလို့ ကျွန်တော့်ဘက်က ဖိတ်ခေါ်ပါတယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )