နယူးကာဆယ်လ် ယူနိုက်တက် မန်နေဂျာ အလန်ပါဂျူးနှင့် မန်ချက်စတာ စီးတီးအသင်း ခံစစ်မှူး ဗင်းဆင့်ကွမ်ပနီ တို့သည့် ပရီးမီးယားလိဂ် ဘောလုံးရာသီ၏ အကောင်းဆုံး ဆုများအား အသီးသီး ဆွတ်ခူး ရရှိသွားသည်။
အသက်(၅၀)အရွယ် ပါဂျူးသည် နယူးကာဆယ်လ်အသင်း မန်နေဂျာ တစ်ဦး အနေဖြင့် ယခုဆုကို ပထမဆုံး ရရှိသူလည်း ဖြစ်လာခဲ့သည်။ နယူးကာဆယ်လ်သည် လတ်တလောတွင် ပရီးမီးယားလိဂ် ထိပ်ဆုံး(၅)သင်း စာရင်းတွင် ပါဝင်ကာ ရာသီ သိမ်းရန် သေချာနေပြီး ယင်းသည် (၂၀၀၃-၀၄) ဘောလုံးရာသီ နောက်ပိုင်းတွင် အသင်း၏ အမြင့်မားဆုံး ရပ်တည်မှုလည်း ဖြစ်လာခဲ့သည်။ ပါဂျူးသည် ဈေးကွက် အတွင်း ထူးချွန်သော ကစားသမား များကို သင့်တင့်သော ဈေးနှုန်းဖြင့် ခေါ်ယူရာတွင် ပါရဂူမြောက် မန်နေဂျာ တစ်ဦး ဖြစ်သည်။
၎င်းလက်ထက်တွင် ဒမ်ဘာဘား၊ ယိုဟန်ကာဘာယီ၊ ဟေတမ်ဘန်အာဖာ၊ ပက်ပစ်ဆစ်ဆေး တို့ကို ခေါ်ယူခဲ့ပြီး ထိုကစားသမားများ အားလုံးသည် နယူးကာဆယ်လ်၏ အဓိက မဏ္ဍိုင်များ ဖြစ်လာကြသည်။ နယူးကာဆယ်လ်အနေဖြင့် အန်ဒီကာရိုးလ်၊ ဂျိုယေးဘာတန်၊ ဟိုဆေး အန်ရီကေး အစရှိသည့် ကစားသမားကောင်းများအား ရောင်းထုတ် ခဲ့သော်လည်း ပါဂျူး၏ ဦးဆောင်မှုကြောင့် ပိုမိုကျစ်လစ် ကောင်းမွန်သော အသင်းတစ်ခု ဖြစ်လာခဲ့သည်။ ထို့အပြင် နယူးကာဆယ်လ်သည် ယခုရာသီတွင် မန်ချက်စတာ ယူနိုက်တက်နှင့် ချယ်လ်ဆီးကဲ့သို့ အသင်းများကိုလည်း Clean Sheet ဖြင့် အနိုင် ရခဲ့သည်။
မန်စီးတီး နောက်ခံလူနှင့် အသင်းခေါင်းဆောင် ကွမ်ပနီမှာမူ (၄၄)နှစ်ကြာ ဝေးကွာနေသော အမှတ်ပေး ချန်ပီယံ ဘွဲ့အတွက် မန်စီးတီး အသင်း အလားအလာ အကောင်းဆုံး ဖြစ်လာစေရန် အကောင်းဆုံး ဦးဆောင်ခဲ့သည်။ ဘယ်လ်ဂျီယံ လက်ရွေးစင်သည် ယခု ရာသီတွင် အနီကတ်များ ထိခဲ့သော်လည်း ပါဝင် ကစားသော ပွဲစဉ်တိုင်း ခြေစွမ်း ပြခဲ့သလို ရောဘတ်တို မန်စီနီ ဦးဆောင်နေသော အသင်းသည် ယခုရာသီ Clean Sheet (၁၇)ပွဲ ရရှိကာ ခံစစ်၏ ခိုင်မာမှုကို ပြသနိုင်ခဲ့သည်။ တနင်္ဂနွေ နေ့တွင် မန်စီးတီး အသင်းသာ QPRကို အနိုင်ရပါက ကွမ်ပနီသည် ပရီးမီးယားလိဂ် ဆုဖလားကြီးကို ပထမဆုံး ကိုင်မြှောက်ခွင့် ရသည့် မန်စီးတီးနှင့် ဘယ်လ်ဂျီယမ် ကစားသမားအဖြစ် မှတ်တမ်းတစ်ခု စိုက်ထူနိုင်မည်ဖြစ်သည်။
Ref: Daily Mail
အသက်(၅၀)အရွယ် ပါဂျူးသည် နယူးကာဆယ်လ်အသင်း မန်နေဂျာ တစ်ဦး အနေဖြင့် ယခုဆုကို ပထမဆုံး ရရှိသူလည်း ဖြစ်လာ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com